ရှင်မဿဲခရစ်ဝင် ၁၈
၁၁။ တပည့်တော်များသို့ ညွှန်ကြားချက် (အခန်း ၁၈-၂၀) (က) အောက်ကျို့နှိမ့်ချခြင်း (၁၈း၁-၆) ဤအခန်းသည် ကြီးမြတ်ခြင်းနှင့် အပြစ်ခွင့်လွှတ်ခြင်းအကြောင်းဖြစ်သည်။ ခရစ်တော် ဘုရားချမှတ်ပေးသော စည်းမျဉ်းနိယာမများဖြစ်သည်။ ၁၈:၁ ကောင်းကင်နိုင်ငံတော်သည် ငြိမ်သက်ခြင်းနှင့် စည်းစိမ်ဥစ္စာကြွယ်ဝသော ရွှေအတိ ဖုံးလွှမ်းသည့်နေပြည်တော်ဖြစ်မည်ဟု တပည့်တော်များက ထင်မြင်ကြသည်။ သို့ကြောင့် နေရာဦးချင်ကြ သည်။ ကောင်းကင်နိုင်ငံတွင် မည်သူအကြီးမြတ်ဆုံးဖြစ်သွားမည်နည်းဟု အချင်းချင်းငြင်းခုံကြသည်။ ၁၈:၂-၃ တပည့်တော်များ...