တိမောသေသြဝါဒဒုတိယစောင် ၃
(ခ) ရောက်လာမည့် မိစ္ဆာဆရာများ (၃:၁–၁၃) ၃:၁ သခင်ဘုရားကြွလာမည့်အခါ ဖြစ်ပျက်မည့် အကြောင်းအရာများကို တိမောသေအား ရှင်းပြထားသည်။ အပြစ်ဒုစရိုက်များသည် တစ်ခုနှင့်တစ်ခု နှီးနွယ်ပတ်သက်နေပြီး ဆင်တူရိုးမှားဖြစ်ကြောင်း ရောမဩဝါဒစာ အခန်း ၁တွင် ရေးထားသည်။ နောက်ဆုံးသော ကာလတွင် ယုံကြည်ဟန်ရှိသော ခရစ်ယာန်များ၏ အပြုအမူလက္ခဏာများသည် ပိုမိုသက်သာထင်ရှားလာမည်။ အထူးသဖြင့် နောင်ကာလသည် ဆင်းရဲကြပ်တည်းသောကာလ ဖြစ်သောကြောင့် လူအများအပြားသည်...