ဆာလံကျမ်း ၃၆
ဆာ ၃၆ အပြစ်ကြီးလေ၊ကျေးဇူးတော်ပိုကြီးလေ ၃၆း၁-၄ ဒါဝိဒ်၏ စိတ်ကူးပုံရိပ်တွင် အဓမ္မ သမားများကို မြင်ယောင်သည်။ အပြစ်ဒုစရိုက်သမား များသည်ဘုရားသခင်ကိုချစ်ကြောက်ရမှန်းမသိကြ။ ကျူးလွန်ခဲ့ကြသော အပြစ်ဒုစရိုက်များသည်လည်း ထိုအတိုင်း ပြီးဆုံးသွားမည်ဟု ထင်ကြသည်။ ဝဋ်လည် မည်ကိုမသိကြ။ သို့ကြောင့် နှုတ်ဖျားမှ ပြောစကားများ သည် လိမ်လည်လှည့်ဖျားမှုနှင့် မတရားမှုများသာဖြစ် သည်။ ပညတ်တရားကို ရိုသေလိုက်နာရကောင်းမှန်း လည်းမသိကြ။ အိပ်ယာဝင်သည့် အခါတွင်လည်း...