Category: ဆာလံကျမ်း

  • ဆာလံကျမ်း ၄၂

    အပိုင်း ၂ (ဆာ ၄၂–၇၂) ဆာ ၄၂ ဘုရားသခင်ကို ငတ်မွတ်ခြင်း တချို့လူများက ဤဆာလံသီချင်းသည် သားတော်အဗရှလုံက ပုန်ကန်ခြားနားစဉ် ဒါဝိဒ်မင်းစပ်ဆိုသည် ဟု ဆိုကြသည်။ တချို့လူများက မေရှိယသခင်၏ အသံတော်ဖြစ်၍ လူတို့၏ငြင်းပယ်ခြင်း၊ ဆင်းရဲဒုက္ခပေးခြင်းခံရခိုက် ခံစားချက်ဖြစ်သည်ဟု ဆိုကြသည်။ ထိုမှမက ဘေးဒဏ်ကြီးကာလတွင် ကြွင်းကျန်သော ဣသရေလလူနည်းစုတို့၏ အော်မြည်သံဖြစ်သည်ဟု ဆိုသူများလည်းရှိသည်။ ယုံကြည်သူဖြစ်လာခါစ၌ ခရစ်တော်နှင့်...

  • ဆာလံကျမ်း ၄၃

    ဆာ ၄၃ အသင်းနှင့် သမ္မာတရားပေးတော်မူပါ အမွှာပူးဆာလံတေးဖြစ်သည်။ NEB ကျမ်းမူကမူ နှစ်ခုဖြစ်ကြောင်း မသိသာအောင် ဆက်စပ်ထားသည်။ ၄၃:၁–၂ ရွှေဗဟိုရ်စည်သံ မကြားရသည့် ပြည်ပရောက်ကျေးကျွန်များက ဇိအုန်တောင်ပေါ်မှာ ဝတ်ပြု ကိုးကွယ်ချင်ကြသည်။ သို့သော်လည်း စိတ်ကသာမှန်းဆရမ်းယော်သည်။ လူမရောက်နိုင်၊ တိုင်းတပါးသာများနှင့် မတရားသူများ၏ ဖိစီးနှိပ်စက်မှုခံနေရသည်။ ဤကျမ်းပိုဒ်ကို အချို့သောဓမ္မပညာရှင်များက ဘေးဒဏ်ကြီး ကာလမှ ရွေးကောက်ခြင်းခံရသော ဣသရေလ လူနည်းစုတို့၏ခံစားချက်...

  • ဆာလံကျမ်း ၄၄

    ဆာ ၄၄ သားသတ်သမားလက်မှသိုး သာမန်ရှုံးနိမ့်ခြင်းထက် စင်ပေါ်ရောက်ပြီးမှ တဖန်ရှုံးနိမ့်ခြင်းသည် ပို၍နာကျင်ပါသည်။ ထိုအခါမျိုးတွင် ဘုရားသခင်သည် မိမိဘက်မှာ မရှိတော့ဘူးလားဟု အတွေးမှားဝင်တတ်ပါသည်။ ၄၄:၁–၃ ဣသရေလတို့ သမိုင်းကြောင်းသည် နိမ့်တုံမြင့်တုံဖြင့် မတည်ငြိမ်ခဲ့။ ဘုရားသခင်က မကြာခဏ ဝင်ရောက်ဖြေရှင်းပေးလေ့ရှိသည်။ ရေခံမြေခံ ဒေသခံလူ၊ လူရိုင်းများကို ဖယ်ရှားပြီး ခါနာန်မြေအား ဣသရေလ လူများလက်ထဲသို့ ဘိုးဘွားပိုင်မြေအဖြစ်သို့ ပေးသည်။ ခါနာန်ပြည်သားများက...