Category: ဆာလံကျမ်း

  • ဆာလံကျမ်း ၄၅

    ဆာ ၄၅ ဘုရင်တကာတို့၏ ဘုရင်           ၄၅:၁ ဆာလံဆရာသည် ဤကျမ်းချက်ကို လျှောကနဲ၊ လျှောကနဲ ရေးသားမည်ထင်ပါသည်။ ရင်ထဲခံစားချက်မှ ပြည့်လျှံလာသမျှကို စာစီကုံးခြင်းဖြစ်သည်။ ရှင်ဘုရင်ချီးမွမ်းခန်းဖြစ်သည်။ အထွေအထူး စဉ်းစားမနေ။ ဖောင်တိန်ကိုင်လိုက်သည်နှင့် ကရားရေလွှတ်စကားလုံးများ စီးဆင်းလာသည်။ လျှာကလည်း ထုတ်ဖော်မြွက်ဆိုဖို့ ယားနေသည်။ သို့သော် လူ့အစွမ်းအစ လုပ်ဆောင်ချက်များမဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လှုံ့ဆော်မှုဖြစ်သည်။ ၄၅:၂...

  • ဆာလံကျမ်း ၄၆

    ဆာ ၄၆ ငါတို့နှင့် အတူရှိတော်မူသောဘုရား           ပထမကမ္ဘာစစ်အတွင်းတွင် စကော့တလန်ပြည်တွင် လူငယ်လူရွယ်များအားလုံး စစ်တပ်ထဲသို့ ဝင်ရောက်ဖို့ စစ်မှုထမ်းဆင့်ခေါ်ရာ ကျွန်းတကျွန်းမှ လူငယ်အသိုက်သည်လည်း ပင်မကျွန်းသို့ ရွက်လွှင့်၍ စစ်မှုထမ်းစာရင်းလာသွင်းကြသည်။ စစ်မှုထမ်းဖို့ လူစုဝေးနေကြစဉ် မိဘဆွေမျိုးများနှင့် မိတ်ဆွေအပေါင်း အသင်းများက အောက်ပါသီချင်းကို သီဆိုပေးကြသည်။ ဘုရားရှင်သည် ငါတို့ကွယ်ကာရာ ခိုလှုံရာ စဉ်သဖြင့် ကူညီစောင့်ရှောက်လျက်ရှိ။ ကမ္ဘာမြေမတည်ရွှေ့လျားသွားလည်း စိုးရိမ်သောကမရှိ။...

  • ဆာလံကျမ်း ၄၇

    ဆာ ၄၇ နှစ်သစ်ကူးမင်္ဂလာ ယေရုရှလင်သည် ရွှေခေတ်ပထမနေ့ရက်တွင် မေရှိယသခင်သည် အမျိုးသားကဇာတ်ရုံကြီး၌ ပွဲလမ်းသဘင်ကျင်းပနေပြီ။ ပွဲတော်မင်္ဂလာ၏အဓိက အစီအစဉ်မှာဆာ ၄၇ အတိုင်းဖြစ်သည်။ ကမ္ဘာ အရပ်ရပ်မှတိုင်းနိုင်ငံသားများရောက်လာ၍ လက်ခုတ်သြဘာပေးချီးမြှင့်ကြသည်။ ၄၇:၁–၄                     ဆာလံဆရာကမ္ဘာအရပ်ရပ်ရှိတပါးအမျိုးသားများရောက်လာကြ၍ ညီညာဖျ ဖျလက်ခုတ်သြဘာတီးကြပြီးဘုရားသခင်အား ချီးမွမ်းကြသည်။ ဂုဏ်ပြုသီချင်းဖြင့် အခမ်းအနား ဖွင့်သည်။ စိတ်ပါလက်ပါဖြင့် ပါဝင်ဆင်နွှဲကြသဖြင့် ပသာဒရှိလှသည်။ စာဆိုတော်များက “အမြင့်ဆုံး သောထာဝရဘုရားသည်...