ဆာလံကျမ်း ၆၉
ဆာ ၆၉ အိုဘုရားရှင် ကယ်တော်မူပါ ကိုယ်တော်ရှင်ဘုရားသည် ပြင်းထန်သောဆင်းရဲဝေဒနာခံစား၍ ကားတိုင်ပေါ်တွင် အသေခံ ခဲ့သည်။ ထိုသို့ဆင်းရဲဒုက္ခရောက်ခြင်းသည် ခမည်းတော်ဘုရား၏ ဒေါသပင်လယ်ကူးစက်ခြင်းဖြစ် သည်။ သခင်ယေရှုကိုယ်တိုင် မကြာခင်မှာဝေဒနာဗတ္တိဇံခံယူမည်ဟု ဝန်ခံခဲ့သည်။ ထိုဗတ္တိဇံကို မခံမီတိုင်အောင်ငါသည် အလွန်ငြီးငွေ့သောစိတ်ရှိ၏ (လု ၁၂:၅၀)။ ဆာ ၄၂:ရ တွင်လည်း ကိုယ်တော်၏ဆုတောင်းသံကြားရသည်။ ရေဘွေတော်များ အသံဗလံနှင့်တကွ ဝဲသြဃတစ်ခုကိုတစ်ခုအပေါ်တစ်ခု ဟစ်ခေါ်၍လှိုင်းတံပိုး တော်အပေါင်းသည်...