Category: ဆာလံကျမ်း

  • ဆာလံကျမ်း ၇၂

    ဆာ ၇၂ မေရှိယသခင်၏ဘုန်းတန်ခိုးအုပ်စိုးခြင်း           ဤဆာလံသီချင်းကိုသာမန်အားဖြင့် လူ့လောကတွင်သက်ဦးဆံပိုင်ဘုရင်အဖြစ် ရှောလမုန် ဘုရင်အကြောင်းဟု သိမြင်နိုင်သည်။ ထိုထက်မကသခင်ယေရှုခရစ်တော်က အုပ်စိုးမည့်အကြောင်း ကိုကြိုမြင်နိုင်ရသည်။ စစ်မက်ဖြစ်ပွားပြီးလူ့လောကကမ္ဘာမှာ ထိုကဲ့သို့သောအချိန်အခါကြုံတွေ့ခြင်း သည်အံ့သြဘွယ်ရာဖြစ်ပါသည်။ ရွှေခေတ်တခေတ်ဖြစ်ပါသည်။ ဖန်ဆင်းခံကမ္ဘာတွင် ညီးထွားခြင်း ပြီးဆုံး၍ စည်းစိမ်ဉစ္စာကြွယ်ဝခြင်းစီးဆင်းသည်။           ၇၂:၁ ပထမဆုံးကျမ်းပိုဒ်တွင် ဘုရင်သဉ္ဇာလီဆောင်ထဲမှဆုတောင်းသံကြားရသည်။ Knox က “တရားစီရင်ခြင်းအတတ်အမှုပညာ၊ ပလ္လင်တော်အမွေကို ရှင်ဘုရင်ထံသို့အမွေအဖြစ်ချီးမြှင့်တော် မူပါ”...

  • ဆာလံကျမ်း ၇၃

    အပိုင်း(၃)ဆာ၇၃–၈၉ ဆာ ၇၃ ယုံကြည်ခြင်းအကြပ်ရိုက်မှု           ၇၃:၁ အာသပ်၏စကားဖြစ်သည်။ ဘုရားသခင်သည်ဣသရေလလူမျိုးအပေါ်သို့ ကောင်းမြတ်သည့်စိတ်နှလုံးဖြူစင်စွာ ယုံစားအပ်သည်ဟုဆိုသည်။ ထိုစကားကိုမည်သူမှ စောဒကတက်မည်မဟုတ်ကြောင်း သေချာသည်။ ၇၃:၂–၃ သို့သော် အံ့သြမိသည့်အကြောင်းအချက်ရှိသည်။ မတရားသူများကြွယ်ဝချမ်းသာပုံ မြင်ရသည့်အခါယုံကြည်ခြင်းလှုပ်ခတ်ယိမ်းယိုင်မိသည်။ မတော်မတရားဝိသမလောဘသမားများ သည်ကျိကျိတက်ချမ်းသာကြသည်။ ပျော်ရွှင်သာယာကြသည်။ ပူပင်သောကကင်းမဲ့ကြသည်။ ထိုသူများကဲ့သို့ဖြစ်ချင်စမ်းပါဘိ။ ၇၃:၄–၉ အရာခပ်သိမ်းသည် သူ့အကြောင်းနှင့်သူရှိကြသည်။ ယုံကြည်သူများကဲ့သို့ ခန္ဓာကိုယ်ပင်ပန်းဆင်းရဲခြင်းမခံရကြ။ ကျန်းမာကြံ့ခိုင်၍ ဆုံးရှုံးမှုကြုံတွေ့လျင်လည်း...

  • ဆာလံကျမ်း ၇၄

    ဆာ ၇၄၊ မှတ်ထား           ဤဇာတ်လမ်းသည်ဗာဗုလုန်ဘုရင် နေဗုခပ်နေဇာမင်းကယေရုရှလင်ဗိမာန်တော်ဖျက်ဆီး သည့်ဝမ်းနည်းဘွယ်အဖြစ်အပြက်အခြေခံသည်။ ဣသရေလသမိုင်းကြောင်းတွင် လာမည့်ကာလ၌ ထိုဖြစ်စဉ်မျိုး (၃)ခုကြုံတွေ့မည့်အကြောင်းကိုလည်း သတိပေးထားသည်။ ဘီစီ ၁၇၀-၁၆၈ ခုနှစ်တွင် Antiochus Epiphanes ကမတော်တရော်ညစ်ညူး စော်ကားခြင်း အေဒီ ၇၀ ခုနှစ်တွင် Titus ၏ ရောမစစ်သားများက ဗိမာန်တော်ဖျက်ဆီးခြင်း မ ၂၄:၂၅ပါ ပရောဖက်ပြုချက်အတိုင်း နောင်ကာလတွင်...