Category: ဆာလံကျမ်း

  • ဆာလံကျမ်း ၈၄

    ဆာ ၈၄၊ ကောင်းကင်ဘုံယံ လွမ်းဖျားနာ အထွေအထူး အနက်ရှည်ရှည်ဖွင့်ပြစရာလိုမည်မထင်။ တိုင်းတပါးသို့ကျွန်ဘဝဖြင့် ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရသော ဣသရေလလူများ၏ ယေရုရှလင်ဗိမာန်လွမ်းဆွတ်သတိရခြင်း ​ဝေဒနာအကြောင်း ဖြစ်သည်။ ယနေ့ခေတ်ကာလနှင့်လည်း တိုက်ဆိုင်သည်။ တချို့သော အာဏာရှင်နိုင်ငံများတွင် ဘုရား၀တ်ပြုခွင့် မရှိ။ ဘုရားရှိခိုးကျောင်းပိတ်သိမ်းကြသောကြောင့် ဘုရားမရှိခိုးနိုင်ကြ။ စိတ်နှလုံးထိခိုက်နာကျင်စွာဖြင့် ၀တ်ပြုကိုးကွယ်ခြင်းကို တမ်းတနေကြသည်။ သို့သော်လည်း သာဝကခရီးသည်ဘ၀ဖြင့် ဘဝတခုလုံးဆက်ကပ်အပ်နှံသူများ၏ ကောင်းကင်ဘုံယံ လွမ်း​ဝေဒနာအဖြစ်ခံယူလျှင် အဓိပ္ပါယ်ပြည့်၀ဆုံးဖြစ်ပေမည်။...

  • ဆာလံကျမ်း ၈၅

    ဆာ ၈၅ တဖန်နိုးထစေတော်မူပါ ဤနိုးထမှုဆုတောင်းကို အောက်ပါအတိုင်း (၄)ပိုင်းခွဲ ခြားလေ့လာနိုင်သည်။ အတိတ်ကာလတွင် ဣသရေလတို့နိုးထခဲ့မှု (ငယ် ၁-၃) ဘုရားသခင်ထံတဖန်လျှောက်ထားကြခြင်း (ငယ် ၄-၇) ဘုရားသခင်ထံမှ အဖြေစကားနားထောင်ခြင်း (ငယ် ၈-၉) နောင်တွင်ပြန်လည်နလံထူမည့်ကတိတော် (ငယ် ၁၀-၁၃) ဣသရေလတို့၏ ပြန်လည်နလံထူထောင်ရေးသည် မဖြစ်နိုင်သော အကြပ်အတည်း အရေးအခင်း မဟုတ်ပါ။ ဗာဗုလုန်ကျွန်အဖြစ် ဖမ်းဆီးခြင်းခံရပြီးသည့်နောက်ပိုင်းတွင် ပြန်လည်ထူထောင်ခြင်းမရှိသေး။...

  • ဆာလံကျမ်း ၈၆

    ဆာ ၈၆ အကျိုးအကြောင်းပြု ဆုတောင်းခြင်း ဒါဝိဒ်သည် ဤဆာလံသီချင်း၌ သူ့ဆုတောင်းချက်များကို အကျိုးအကြောင်းဖော်ပြစီကုံးကာ ဆုတောင်းခဲ့သည်။ စကားလျှောက်တင်ချက်နှင့်ကျိုးကြောင်းမှုကို အောက်တွင်ဖော်ပြပေးထားသည်။ ဆုတောင်း​လျှောက်လဲချက် ၈၆:၁။               နားထောင်တော်မူပါ။ ၈၆:၂က                        ။ဝိညာဉ်ကိုစောင့်မပါ။ (ငယ် ၄နှင့်၁၆ တွင်အစေခံတမန်ဟုသုံးထားပါသည်)။ ၈၆:၂ခ              ။ကယ်တင်တော်မူပါ။ ၈၆:၃                ။ကယ်မသနားပါ။ ၈၆:၄                ၀မ်းမြောက်မည့်အကြောင်းပြုတော်မူပါ။ ၈၆:၅   ၈၆:၆                ။ပဌနာတော်ကိုနားထောင်တော်မူပါ။/ အကြောင်းရင်း...