ဆာလံကျမ်း ၈၇
ဆာ ၈၇ တော်၀င်သန်းခေါင်းစစ်တမ်း ယေရုရှလင်မြို့၀န် Teddy. Kollek နှင့် သူ့လုပ်ဖော်ဆောင်ဘက်များက ယေရုရှလင်မြို့၏ လွန်ခဲ့သော နှစ်ပေါင်းလေးထောင်ခန့်က ခန့်ညားပုံကိုအံ့မခန်း ဤသို့ရေးသားသည်- ဗိသုကာပညာရှင်များနှင့် သမိုင်းပညာရှင်များက ယေရုရှလင်မြို့ကို ဤနေရာတွင် အဘယ့်ကြောင့် တည်ခဲ့သနည်းဟု သုတေသနပြုခဲ့ကြသည်။ ပတ်၀န်းကျင်အနေအထားအရ မက်မောဘွယ်ရာ စည်းစိမ်ဥစ္စာမတွေ့။ ကမ္ဘာအကျော်ကြားဆုံး မြို့တော်ဖြစ်စရာ အင်္ဂါရပ်လည်းမရှိ။ ကူးသန်း သွားလာရေးလွယ်ကူရာ မြစ်ကြီးနားတွင်လည်းမတည်။ ဆိပ်ကမ်းမြို့ကြီးလည်းမဟုတ်။...