Category: ဆာလံကျမ်း

  • ဆာလံကျမ်း ၉၆

    ဆာ ၉၆ ပြည့်ရှင်မင်းတရားကြီးကြွလာတော်မူပြီ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြမည့်အကြောင်း စကားလုံးအမျိုးမျိုးဖြင့် (၁၆)ကြိမ်ရေးသား ထားသည် “သီဆို”ဟူသောဝေါဟာရကို ငယ် ၇၊၈နှင့် “ပါစေ”ဟူသောဝေါဟာရကိုငယ် ၁၁၊၁၂တို့တွင် သုံးနှုန်း ထားသည်။ ၉၆:၁–၂ ယေရုရှလင်မြို့သို့သခင်ယေရှုတဖန်ကြွလာတော်မူ၍ မင်းစိုးစံသောအခါ ဓမ္မသီချင်းသစ် သံပြိုင်ဟစ်ကြွေးသီဆိုကြမည်။ ထိုသီချင်းသစ်ကို ကမ္ဘာတဝှမ်းလုံးရှိလူများက အသံလွှင့်၍သီဆိုကြမည်။ တန်ခိုးတော်ဖြင့် ကယ်တင်ခဲ့သည့်အကြောင်းကို ရိုးမယ်ဖွဲ့၍ နာမတော်တော်အား ကောင်းချီးပေးကြမည်။” ထိုနေ့တွင် ကယ်တင်ခြင်းရရှိပုံ...

  • ဆာလံကျမ်း ၉၇

    ဆာ ၉၇ ဖြောင့်မတ်သူများအတွက်အလင်းမျိုးစေ့ကြဲခြင်း ၉၇:၁ ဆာလံကျမ်း ပြည်ဖုံးကားဖွင့်လျှင်ဖွင့်ခြင်း ပလ္လင်တော်ပေါ်တွင် စိုးစံတော်မူသော ယေရှုခရစ် တော်ကို မြင်ရသည်။ နန်းတက်ဘိသိက် မင်္ဂလာပွဲပြီးသွားပြီ။ တကမ္ဘာလုံး ရွှင်လန်း၀မ်းမြောက်ကြပြီ။ မကြား မသိသော ဝေးလံခေါင်းဖျားအရပ် သီးသန့်ကျွန်းကလေးဟူ၍မရှိ။ ၉၇:၂ ရှင်ဘုရင်ကြွလာသည့်အကြောင်းကို တခမ်းတနား ကျင်းပခဲ့ကြပြီ။ ပထမဆုံး အမှတ်လက္ခဏာ မှာ တိမ်သလ္လာများ ဖယ်ရှားလင်းထိန်စေပြီ။ ဘုရားရှင်သည် လူမျက်စိဖြင့်မမြင်သာအောင်...

  • ဆာလံကျမ်း ၉၈

    ဆာ ၉၈ ဖန်ဆင်းခြင်းသံစုံတေးသစ် ၉၈:၁–၂ ခရစ်တော်ဘုရား ဒုတိယအကြိမ် ပြန်လည်ကြွလာခြင်းသည် တပါးအမျိုးသားများ လက်ထဲမှ ဣသရေလလူမျိုးတို့ ကွင်းလုံးကျွတ် လွတ်မြောက်ခြင်းဖြစ်သည်။ ထိုအောင်ပွဲသဘင်တွင် ရတုပိုဒ်စုံ တေးသစ်ကျူးဧကြမည်။ မေရှိယသခင်က ရန်သူများအပေါ်သို့ အောင်နိုင်သည့် အောင်စည်အောင်မောင်း တီးကြမည်။ အံ့သြဘွယ်သောအမှုဆိုသည်မှာ ကိုယ်တော်၏လက်ယာတော်ဖြင့် ရန်သူများ အောင်မြင်သည့် အကြောင်းဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော်သစ်ရောက်လာပုံကို ဆာလံဆရာက သရုပ်ဖော်ထားသည်။ ကိုယ်တော်၏...