ဆာလံကျမ်း ၁၀၅
အိုငါ့ဝိညာဉ်ထာ၀ရဘုရားကိုကောင်းချီးပေးလော့။ ဟာလေလုယာ ဆာ ၁၀၅ အာဗြဟံသို့ပဋိညာဉ် ဘုရားသခင်က အာဗြဟံသို့ပေးထားသော ကတိတော်တွင် အဲဂုတ္တုမြစ်မှ ဥဖရတ်မြစ်ထိ သားစဉ် မြေးဆက် ပိုင်ဆိုင်ကြမည် (က ၁၅:၁၈-၂၁၊ထွ ၂၃:၃၁၊တရား ၁:၇-၈၊ယောရှု ၁:၄)ဟု ဆိုသည်။ ထိုကတိတော်၌ ခြွင်းချက်မထားရှိ။ ကျေးဇူးတော်သက်သက်ဖြစ်သည်။ ကတိတော်နှင့်ဆိုင်သမျှတွင် လူ့အရေးအရာ အစွမ်းအစလုံးဝမပါ။ ဘုရားပေးလက်ဆောင် သက်သက်ဖြစ်သည်။ ဣသရေလများသည် ထိုကတိတော်အတိုင်း ခံစာခြင်းမရှိကြ။...