Category: ဆာလံကျမ်း

  • ဆာလံကျမ်း ၁၀၈

     မြန်မြန်ကယ်ပါ ဤဆာလံတေးသံသည် အထူးအဆန်းမဟုတ်။ ရင်းနှီးပြီးသားဖြစ်သည်။ ပထမကျမ်းပိုဒ်ငယ် (၅)ခု သည် ဆာ ၅၇:၇-၁၁ နှင့် အတူတူဖြစ်သည်။ နောက်ဆုံးကျမ်းပိုဒ် (၈)ခုသည်လည်း ဆာ၆၀:၅-၁၂ကို အတည်ပြုသည်။ ချီးမွမ်းခြင်း၊ ကတိပြုခြင်း၊ တဖန်ပြဿနာကြုံတွေ့ခြင်းမှ ဆုတောင်းခြင်းဖြင့် နောက်ဆုံး တွင် အောင်ပွဲဆင်သည့်အကြောင်းများ ရေးထားသည်။ ချီးမွမ်းခြင်း (၁၀၈:၁–၅) ၁၀၈:၁–၂ ဆာလံဆရာက ဘုရားသခင်၏မေတ္တာတော်နှင့်သစ္စာတော်ကို အစဉ်ချီးမွမ်းဖို့စိတ်ပိုင်း ဖြတ်ထားသည်။...

  • ဆာလံကျမ်း ၁၀၉

    ရန်သူများ၏ကံကြမ္မာ ဆာလံကျမ်းများတွင် ကျိန်ဆဲခြင်း အများအပြားရှိသည့်အနက်တွင် ဆာလံကျမ်းသည် ပြိုင်စံရှား ဖြစ်သည်။ ရန်သူများအား ဖြိုခွင်းချေမှုန်းပေးရန် ဘုရားသခင်ထံသို့ အသေးစိတ်တိုင်တည်သည်။ ဆာလံ ဆရာက သူ့ရန်သူများအပေါ်သို့ အပြစ်ဒဏ်အမျိုးမျိုးကျစေလိုပုံကို စာဖတ်ပရိတ်သတ်များ မည်သို့နားလည် သနည်း။ ၁၀၉:၁–၃ ဆာလံဆရာက မလိုမုန်းတီးမှုဖြင့် အစချီသည်။ ဒါဝိဒ်က ဘုရားထံသို့ အကူအညီ တောင်းသည်။ ထိုဘုရားရှင်မှာ အခြားသူမဟုတ်။ ချီးမွမ်းနေကျဘုရားရှင်ဖြစ်သည်။ ရန်သူများက...

  • ဆာလံကျမ်း ၁၁၀

    ဒါဝိဒ်၏သားတော် ဒါဝိဒ်၏သခင် အခြားဓမ္မဟောင်းကျမ်းများထက် ဓမ္မသစ်ကျမ်းက မကြာခဏကိုးကားသော ဆာလံကျမ်း ဖြစ်ပါသည်။ မေရှိယသခင်ရည်ညွှန်းသော ဆာလံကျမ်းဖြစ်ကြောင်း သိသာထင်ရှားသည်။ ပထမတွင် ဘုရားသခင်၏လက်ယာတော်တွင် စိုးစံသည့်အကြောင်းထုတ်ဖော်၍ ရာဇလှံတော်စွဲကိုင်လျက် ဘုန်းတန်းခိုး အပြည့်အဝ ဖြင့် စကြဝဋ္ဌာအုပ်စိုးဖို့အကြောင်းလည်းပါသည်။ မေလခိဇေဒက်မင်းကဲ့သို့ပင် ထာ၀ရယဇ်ပုရော ဟိတ်နှင့်ရှင်ဘုရင်အဖြစ်စံမြန်းမည်။ ၁၁၀:၁ ပထမကျမ်းပိုဒ်တွင် ဘုရားရှင်က သခင်ဘုရားထံသို့ ဤသို့ဆိုသည်- သင်တို့ရန်သူတို့ကို သင်၏ခြေတင်ရာငါမချထားမီတိုင်အောင်ငါလက်ယာဘက်၌ ထိုင်နေလော့။ ဤကျမ်းပိုဒ်ကို...