Category: ဆာလံကျမ်း

  • ဆာလံကျမ်း ၉

    ဆာ၉၊ ဝဋ်လည်ရာရက် ခါလဒဲတို့၏ ကျမ်းအတိုင်းဆိုလျှင် ဒါဝိဒ်ကဂေါလျက်အပေါ် အောင်ပွဲခံ အခမ်းအနားဖြစ်ပေမည်။သို့သော် ဒါဝိဒ်အမြင်တွင် ထိုသို့မဟုတ်ပါ။ ရန်သူများအပေါ်သို့ ဘုရားပေးအောင်ပွဲခြိမ့်ခြိမ့်သဲကျင်းပခြင်းဖြစ်သည်။ ဤဆာလံကျမ်းကို ဟေဗြဲဗျည်းပထမပိုင်းအားအစဉ်အလိုက်အခြေတည်တေးဖွဲ့ထားသည်။ ၉း၁-၂ ဣသရေလအဆိုတော်များက ဘုရားပေးအံ့ဘွယ် အမှုတော်များကို ကျူးရင့်ထားသည်။ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် ရွေးနှုတ်ခြင်းများကိုအထူးတလည်ယိုးမယ်ဖွဲ့ မနေ။ ဣသရေလအမျိုးသား၏ ရန်သူများပေါ်သို့ အောင်ခြင်းအစွမ်းသတ္တိပေးထားပုံကို ရေးဖွဲ့ကြသည်။ ဒါဝိဒ်က သူ့အစွမ်းအစ၊ အရည်အချင်းတခုမှမပါ၊ ဘုရားသခင်၏ ဘုန်းတန်ခိုးသက်သက်ဖြင့်...

  • ဆာလံကျမ်း ၁၀

    ဆာ ၁၀၊ ပြည်သူ့နံပါတ်တစ်ရန်သူ ဆာလံ ဆရာက ဗီလိန် အားညွှန်းဖွဲ့ရာတွင်အက္ခရာဒုတိယပိုင်းကို အစဉ်လိုက်တည်မှီစာဖွဲ့ထားသည်။ ပြည်သူ့နံပါတ်တစ်ရန်သူဟု ဆိုထားသည့်အတိုင်း ဘေးဒဏ်ကြီး(၇)နှစ် အစပြုသည်နှင့်ခေါင်းထောင်သောင်းကျန်းလာမည့် အပြစ်လူသားကြီးသည် ဇာတိရုပ်ပြပါမည်။ ဘုရားတဆူသဖွယ် ရှိခိုးကန်တော့ခံမည်။ ယေရုရှလင်ရှိ ဘုရားသခင်ဗိမာန်တော်တွင် စိုးစံ၍ သူ့ကိုသူ ဘုရားသခင်အဖြစ်ကျေညာမည် (၂သက် ၂း၃-၄)။ သူ့ကိုရှိခိုးရန်ငြင်းဆန်သူများသည် စီးပွါးရေးကပ်ဆိုက်ကြမည်။ ညှင်းပန်းနှိပ်စက်ခြင်းခံရမည်။ အသေသတ်ခြင်းလည်းခံရနိုင်သည်။ ဘုရားရှင်တော် တိတ်ဆိတ်ခြင်း (၁၀း၁)...

  • ဆာလံကျမ်း ၁၁

    ဆာ ၁၁ ယုံကြည်ခြင်း သစ္စာရှိလျှက် ဘာကြောင့်ထွက်ပြေးသနည်း ဆာ ၁၁ သည် စိတ်ဓာတ်ကျရောဂါဖြေဆေးဖြစ်သည်။ ကြားသမျှသတင်းကသတင်းဆိုး။ စစ်သတင်း၊ရာဇဝတ်မှု၊ ကြမ်းဖက်မှု၊ ပျက်စီးခြင်းနှင့် နိုင်ငံရေးမငြိမ်မသက်မှုဖြစ်သည်။ ထိုသို့သော အမင်္ဂလာသတင်းများကြားထဲမှ ဘုရားရှင်ကိုသာ ရှေးရှုကြရန် ဒါဝိဒ်ကသတိပေးပါသည်။ဒါဝိဒ်သည် အိမ်ရှေ့တခါးဖွင့်သောအခါ သွေးရူးသွေးတန်းဧည့်သည်တွေ့ပါလိမ့်မည်။ မျက်နှာက ဖြူဖတ်ဖြူသော်၊ မျက်စိက တဏှာမငြိမ်၊ နှုတ်ခမ်းက တုန်တုန်ယင်ယင်ဖြစ်နေသည်။ အသက်ပင်မှန်မှန်မရှုနိုင်။ထိုအဆိုးမြင်ဝါဒီအား ဒါဝိဒ်ကအကောင်းမြင် ဝါဒဖြင့်အဖြေပေးအားပေးထားသည်။...