Category: ဆာလံကျမ်း

  • ဆာလံကျမ်း ၁၁၇

    တပါးအမျိုးသားများက ဘုရားရှင်ချီးမွမ်းခြင်း သမ္မာကျမ်းစာတအုပ်လုံးတွင် အတိုဆုံးသောအခန်းဖြစ်သည်။ ဘုရားသခင်၏ကရုဏာတော်နှင့် သစ္စာတော်ချီးမွမ်းကြရန် လူမျိုးအပေါင်းတို့အား ဖိတ်ခေါ်ထားသည်။ ဤကျမ်းချက်ကို ရော ၁၅:၁၁တွင် ပြန်လည်ကိုးကားဖော်ပြထားသည်။ မေရှိယသခင်၏ ကရုဏာတော်ကို ဣသရေလလူများက တပါးအမျိုး သားများထံ မျှဝေဖဲ့ပေးသည်ဟု ဆိုသည်။ ကိုယ်တော်သည် ရှေးယခင်က ဘိုးဘေးတို့ထံသို့ ကတိတော် ပြုခဲ့သော လူမျိုးထံသို့သာ ကြွလာသည်မဟုတ်။ တပါးအမျိုးသားများကိုလည်း ကရုဏာတော်သက်မိသည်။ ကျမ်းချက်ကို အထောက်အကူပြုသည့်ကဗျာတိုတပုဒ်ဝေငှချင်သည်။...

  • ဆာလံကျမ်း ၁၁၈

    ဆာ ၁၁၈၊ ဘုရင်ကြီးကို ကြည့်လော့ ကယ်တင်ရှင်ယေရှုသခင်၊ ဒုတိယအကြိမ် ပြန်လည်ကြွလာသည့် ပွဲလမ်းသဘင် ဆင်ယင်ကျင်းပ သည်။ မေရှိယသခင် ကြွလာရာလမ်းတလျှောက် ယေရုရှလင်မြို့တော်လမ်းမမှာ သောင်းသောင်း ဖျဖျ ကြိတ်ကြိတ်တိုးနေကြသည်။ ဗိမာန်တော်အရိပ်အောက်မှ တေးသီချင်းခေါင်းဆောင်သူက အသံချဲ့စက်ဖြင့် တိုင်ပေးသည်။ သူ့နောက်မှ ဝိုင်းတော်သားများက အတိုင်အဖောက်ညီညီ ဆိုကြသည်။ ပရိသတ်ကြီးက အံ့ဘနန်း နားထောင်ကြသည်။ ၁၁၈:၁။ ပင်တိုင်။ ထာဝရဘုရားသည်ကောင်းမြတ်တော်မူပေ။...

  • ဆာလံကျမ်း ၁၁၉

    ဆာ ၁၁၉၊ သမ္မာကျမ်းစာတော်မြတ်မှာပါသမျှ ဤဆာလံတေးကို သမ္မာကျမ်းစာ ရွှေအက္ခရာ သင်ပုန်းကြီးဖတ်စာဟုခေါ်ကြသည်။ အပိုင်း(၂၂)ပိုင်း ခွဲခြားနိုင်သည်။ အပိုင်းတပိုင်းစီကို ဟေဗြဲအက္ခရာ ဗျည်းတခုစီဖြင့် စီထားသည်။ အပိုင်းတိုင်းတွင် ကျမ်းချက် (၈)ခုစီ ပါဝင်၍ ထိုအပိုင်းများကို ဟေဗြဲဗျည်းအစဉ်လိုက်ဖြင့် အစပြုသည်။ ဥပမာ ပထမပိုင်း၏ ကျမ်းပိုဒ် အစများကို ဟေဗြဲဗျည်း  Aleph ဖြင့်စ၍ ဒုတိယပိုင်း ကျမ်းပိုဒ်များကို Beth...