Category: ဆာလံကျမ်း

  • ဆာလံကျမ်း ၁၂၃

    ဆာ ၁၂၃၊ ကရုဏာတော် ရှာဖွေသော မျက်လုံးများ ဤစစ်ချီသီချင်းတွင် “မျက်လုံးများ”ဟူသော စကားလုံးနှင့် ‘ကရုဏာ’ဟူသော ဝေါဟာရတို့သည် အဓိကသော့ချက်ဖြစ်ကြသည်။ “မျက်လုံးများ” ဟူသောစကားကို (၄)ကြိမ်သုံးနှုန်း၍ ‘ကရုဏာ’ဟူသော ဝေါဟာရကို (၃)ကြိမ် သုံးထားသည်။ ရိုက်ကွင်းနောက်ခံသည် ကျွန်ခံရာမြေ၊ ဣသရေလလူများကို နှိပ်ကွပ်ရာ ဒေသဖြစ်သည်။ ဣသရေလများကို အဲဂုတ္တုပြည်၊ ဗာဗုလုန်၊ နာဇီပါတီလက်ထက်တွင် ဂျာမဏီပြည်၊ ဗာဗုလုန်၊ နာဇီပါတီလက်ထက်တွင်...

  • ဆာလံကျမ်း ၁၂၄

    ဆာ ၁၂၄၊ “လျှင်” ဟူသောစကားလုံးအရေးကြီးဆုံး ၁၂၄:၁ “ဘုရားသခင်သည် ငါတို့ဘက်မှာ ရှိတော်မမူလျှင်” အရာခပ်သိမ်းသည် ထို”လျှင်”ဟူသော စကားလုံးအပေါ်မှာတည်သည်။ ကယ်နှုတ်ခြင်းနှင့် ဘေးဒုက္ခသည် ကွာခြားသည်။ ဘုရားရှင်တော်က ထိုသို့ကွာပြားခြားနားစေသည်။ အထူးသဖြင့် ယုဒများကဲ့သို့ သဘောထားကျဉ်းမြောင်းသည့်လူရှာရခတ်သည်။ နှစ်ပေါင်းကာလကြာ ရှည်စွာပညတ်တရားစောင့်ထိန်းလာကြသူများဖြစ်၍ တမူထူးခြားကြသည်။ ကျေးကျွန်ဘဝ၊ အစုလိုက်အပြုံ လိုက်သတ်ဖြတ်ခြင်း၊ ဓါတ်ငွေ့လွှတ်သတ်ခြင်း၊​ပေါင်းဖိုတွင် ထည့်သတ်ခြင်း၊ ဗုံးဖောက်ခွဲခြင်းအစရှိသည့် အိပ်မက်ဆိုးများတကယ်ကြုံတွေ့ခဲ့ကြသည်။ သို့သော်မျိုးတုန်းမျိုးကန်းခြင်းမရှိ။...

  • ဆာလံကျမ်း ၁၂၅

    ဆာ ၁၂၅၊ ငြိမ်သက်ချမ်းမြေ့ခြင်းလမ်းမ ၁၂၅:၁ ယေရုရှလင် မြို့တော်ကို ဇိအုန်တောင်စွန်း တနေရာတွင် တည်ထားသည်။ ထို့ကြောင့် တခါတရံ ဣသရေလမြို့တော်ကို ဇိအုန်တောင်ဟု ကိုယ်စားပြုခေါ်ဝေါ်ကြသည်။ တောင်တန်းဖြစ်သည်နှင့် တည်ငြိမ်ခြင်း၊ ခွန်အားပြည့်ဝခြင်း၊ခန့်ညားခြင်း အဓိပ္ပါယ်ဆောင်သည်။ ယုံကြည်ခြင်းသည်လည်း ထိုသို့ဖြစ်သင့်သည်။ လူ့ဘဝကို ကျောက်ဆောင်ပေါ်တွင် တည်ရသည်။ မိုးကြီးရွာသွန်းသည်ဖြစ်စေ၊ ရေလွှမ်းမိုးသည်ဖြစ်စေ၊ မုန်တိုင်းထန်သည်ဖြစ်စေ၊ ပြိုလဲခြင်းမရှိ၊ အဘယ့်ကြောင့်ဆိုသော် ကျောက်ဆောင်ပေါ်တွင် ပန္နက်တည်သောကြောင့်မလှုပ်။...