တရားဟောရာကျမ်း ၁၂
(စ) ဝတ်ပြုကိုးကွယ်ခြင်းပုံစံ (အခန်း ၁၂) ၁၂:၁–၃ ဘုရားသခင်၏ လူများသည် ကတိတော်မြေပေါ်သို့ အောင်မြေချဝင်ရောက်သောအခါ တစ်ပြည်လုံးရှိ ရုပ်တုဘုရားတုများနှင့်ပတ်သက်သောအရာအားလုံးကို တစ်စမကျန် မှောက်လှန်ဖျက်ဆီးပစ်ရသည်။ သစ်သားဘုရား(ဟေဗြဲ ashèrîm)သည် ဘုရားမသင်္ကေတဖြစ်သည်။ တိုင်များသည် ဗာလဘုရားဘုရားထီးအမှတ်အသားဖြစ်သည်။ ၁၂:၄–၁၄ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ဖို့ ပူဇော်သက္ကာယဇ်ကောင်များကို ယူဆောင်လာရမည်။ ပူဇော်သက္ကာယဇ်ပြုလုပ်ရာဌာနတော်များကိုလည်း အသေအချာပြင်ဆင်ဆောက်လုပ်ရမည်။ ပထမဦးစွာ (ရှိလောမြို့ – ယောရှု...