Category: ဒေသနာကျမ်း

  • ဒေသနာကျမ်း ၃

    (ဂ) ရှင်ခြင်း၊ သေခြင်းဘဝသံသရာသည် အချည်းနှီး(အခန်း၃) ၃:၁ လူ့ဘဝနှင့် လူ့စရိုက်သုတေသန ပြုသောဓမ္မဆရာက လောကအရာ အဖြစ်အပျက်များသည် အချိန်းအချက်အချိန်အခါ သူ့အကြောင်းနှင့်သူရှိသည်ဟု မြင်သည်။ ဆိုလိုသည်မှာ အရာခပ်သိမ်းသည် ဘုရားသခင်၏ အကြံအစည်တော်အတိုင်း ဖြစ်ပျက်ကြသည်။ စပိန်ဆိုးရိုးစကား “Que Sera” ဆိုသည့်အတိုင်း တစ်ခုခုဖြစ်မည်။ ထို့နောက်တစ်ခုဆက်ဖြစ်မည်။ တနည်းအားဖြင့် သံသရာချားရဟတ် တစ်ပတ်ပြီးတစ်ပတ် လည်နေသည်။ ထို့ကြောင့်လူ့ဘဝသည် မြဲခြင်းမရှိ။...

  • ဒေသနာကျမ်း ၄

    (ဃ) မညီမျှမှုသည်လည်း အချည်းနှီး (အခန်း ၄)         ၄:၁ Robert Burns က “လူလူချင်းညှာတာ ထောက်ထားမှုမရှိသောသူက တခြားလူများအား ထောင်သောင်းချီသော ဝမ်းနည်းမှု ဖြစ်ပွားစေသည်” ဟု ဆိုသည်။ အရွယ်တိုင်းတွင် စိတ်ထိခိုက် လွယ်ကူသူများရှိမည်။ ထိုသူများသည် ပတ်ဝန်းကျင်၏ ဖိစီးမှုမကြာခဏခံစားရသည်။ ဝမ်းနည်းကြသည်။ ရှောလမုန်သည်လည်း တွန့်တွန့်လိမ်အောင် နာကျင်သည် ။ စိတ်ဖိစီ:မှုခံစား၍...

  • ဒေသနာကျမ်း ၅

    (င) ဘာသာရေးနှင့်နိုင်ငံရေးကျော်စောမှုသည် အချည်းနှီး (၅:၁–၉)         လူသည် မိမိအသိဉာဏ်ဖြင့် ဘာသာရေးတရားကိုးကွယ်သူ ဖြစ်သော်လည်း လုံလောက်သောအ ဖြေကောင်းမဟုတ်။ အကောင်းဟုထင် ရသော်လည်း မကောင်းသည့်အချက် မှားယွင်းသည့် ပြဿနာများရှိသည်။ ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် အခမဲ့ရရှိသောကယ်တင်ခြင်းကို မသိရှိမရရှိဘဲ၊ ဘာသာရေးတွင် သဝေထိုးပျောက်ကောင်းပျောက်နေ နိုင်သည်။ ထို့ထက် ထပ်ပြောရလျှင် လူအသိဉာဏ်ဖြင့် ကွန့်သော ဘာသာရေးများသည် ဟန်ဆောင်ခြင်းဖြစ်သည်။ ထို့ထက်မပို။...