နေဟမိမှတ်စာ ၆
၆:၁–၄ နေဟမိ၏ လုပ်ဆောင်ချက် အကောင်အထည်ဖော် ရုပ်လုံးပေါ်သောအခါ မနာလိုမုန်းထား အဖျက်သမားများက အကောက်ကြံပြန်သည်။ သမ္ဘာလတ်နှင့် ဂေရှင်တို့က သြနောချိုင့်ဝှမ်းတွင် တွေ့ဆုံဖို့ နေဟမိအား (၄)ကြိမ်တိုင်တိုင် မျှားခေါ်ကြံစည်ကြသည်။ သူ့ကို ဒုက္ခပေးမည့်အကြောင်း နေဟမိရိပ်မိသဖြင့် အမိုက်ခံ၍ မသွား။ ဘုရားပေးအလုပ်ကိုသာလျှင် ဣန္ဒြေရရ ဆက်လက်ဆောက်လုပ်သည်။ ခွေးလေးခုန်၍ ဖုန်မထနိုင်ပါတကား။ ၆:၅–၉ သြနောချိုင့်ဝှမ်းသို့ လိမ်ညာခေါ်ဆောင် မရမှန်းသိသောအခါ သမ္ဘာလတ်သည်ပဉ္စမအကြိမ်မြောက်...