Category: ယောဘဝတ္ထု

  • ယောဘဝတ္ထု ၁၅

    (ခ)ဒုတိယအချီ (အခန်း ၁၅-၂၁) ဒုတိယအခေါက်တွင်လည်း ယောဘအား လာရောက်နှစ်သိမ့်သော မိတ်ဆွေများသည် နောင်တရခြင်းမရှိဘဲ ပိုမိုအပြစ်တင်ရှုတ်ချကြသည်။ ထို့ကြောင့်ယောဘသည် ပိုမိုဆိုးရွားလာသည်။ ၁။ဧလိဖတ်၏ဒုတိယစကား (အခန်း ၁၅) ၁၅:၁-၆ တေမန်လူမျိုးဧလိဖတ်သည် ယောဘထံသို့ အလည်တခေါက်ရောက်လာပြန်သည်။ လေနှင့်အတူ လွင့်ပါးတတ်သောစကားကို ပြောလေရော့သလားဟုယောဘကို အပစ်ဆိုပြန်သည်။ အကောင်အထည် မမြင်ရသော ယောဘ၏ယုံကြည်မှုကို သရော်လှောင်ပြောင်သည်။ဘုရားသခင်ထံသို့ လျှောက်လဲသော ယောဘစကားများကို ထောက်၍ ဧလိဖတ်က...

  • ယောဘဝတ္ထု ၁၆

    ၂။ယောဘ၏တုန့်ပြန်စကား (အခန်း ၁၆၊၁၇) ၁၆:၁-၅ ဧလိဖတ်၏စကားများကိုတခွန်းမကျန် ယောဘတုန့်ပြန်ချေဖျက်သည်။ “ရေနစ်သူဝါးကူထိုး” သူများဟုတုန့်ပြန်ချေပသည်။ အကယ်၍ယောဘ နေရာတွင် ဧလိဖတ်တို့နေမည်ဆိုလျှင် ယောဘသည် ဧလိဖတ်တို့စကားမျိုးပြောမည်မဟုတ်။ နှစ်သိမ့်အားပေးစကားပြောမည်။ ၁၆:၆-၁၄ သို့သော် ယခုကာလတွင် ဘုရားသခင်က ယောဘအား ဘုရားတရားမသိသောသူများဖြင့် ချီနှောင်ပြီး မခံမရပ်အောင် ထိုးဆွနေပြီ။ ခန္ဓာ ကိုယ်အနာရောဂါအပေါ်သို့ စိတ်ညစ်ခြင်းထပ်ပေးနေပြီ။ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာသလား။ မြေနှိမ့်မှာ စိုက်ချင်ကြသလား။...

  • ယောဘဝတ္ထု ၁၇

    ၁၇း၁-၁၂ ယောဘ၏အသက်ဝိညာဉ် ချုပ်တော့မည်။ သချိုင်းကုန်းရောက်လုပြီ။ သူငယ်ချင်းများ၏ အားပေးမှုများသည်လည်း ချစ်ရာမရောက်၊ နှစ်ရာရောက်သည်။ ခွန်အားရစရာ မျှော်လင့်ချက်မရှိ။ ဘုရားသခင်က သူ့အား စံနမူနာပုံစံအဖြစ် ထားတော်မူသည်။ ဖြောင့်မတ်သောသူများက သူ့ဘဝ၏ အကျိုးအကြောင်းကို မည်ကဲ့သို့မှတ်ချက်ပြုကြမည်နည်း။ အဓမ္မလူများကမူ အပြစ်တင်စကားသာဆိုကြသည်။ သူ့မိတ်ဆွေသုံးဦးတွင်လည်းပညာရှိသူ တစ်ယောက်တလေမှ မတွေ့မမြင်။ ၁၇း၁၃-၁၆ ယောဘအတွက် တွယ်တာစရာ။ သံယောဇဉ်မပြတ်နိုင်စရာ လူ့လောကမှာမရှိ၊ မှောင်မိုက်သောသချိုင်း။ အုတ်ဂူကိုသာ...