Category: ဝတ်ပြုရာကျမ်း

  • ဝတ်ပြုရာကျမ်း ၆

    ၂။ ယဇ်ပူဇော်ခြင်းတရား (၆:၈–၇:၃၈) အခန်း ၆:၈-၇:၃၈ တိုင်အောင် ယဇ်ပူဇော်ခြင်းနှင့် စပ်ဆိုင်သောနိယာမတရားများ ပြဌာန်းထားသည်။ ခပ်များများသည် ပြီးခဲ့သော သင်ခန်းစာများနှင့်ဆင်တူရိုးမှားဖြစ်သည်။ ပြီးခဲ့သော အခန်းသည် ဣသရေလလူများသို့ အမိန့်ညွှန်ကြားချက်ဖြစ်၍ လာမည့်သင်ခန်းစာသည် ယဇ်ပုရောဟိတ်များသို့ ပြဌာန်းချက်ဖြစ်သည်။ ၆:၈–၁၃ မီးရှို့ပူဇော်ခြင်းဆိုင်ရာပညတ်ချက်။ ယဇ်ပုရောဟိတ် ဝတ်ဆင်ရမည့် ဝတ်ရုံ၊ မီးရှို့ပူဇော်ရာမှ ကျလာသောပြာပုံးနှင့် မီးရှို့ရာ ယဇ်ပလ္လင်ပေါ်တွင်မီးမသေစေရမည့်အကြောင်းများ အသေးစိတ် ထပ်မံဖြည့်စွက်ထားသည်။...

  • ဝတ်ပြုရာကျမ်း ၇

    ၇း၁-၇ ပထမပိုင်းအပိုဒ်ငယ် (၇) ခုသည် ဒုစရိုက်ယဇ်ပူဇော်သက္ကာနှင့်သက်ဆိုင်သောစည်းကမ်းများဖြစ်သည်။ အများစုမှာ ၅း၁၄-၆း၇ တွင်ရှင်းပြပြီးဖြစ်သည်။ ၇:၈ အပိုဒ်ငယ် (၈)သည် မီးရှို့ပူဇော်သက္ကာပြုပုံနှင့် ယဇ်ပုရောဟိတ်သည် ယဇ်ကောင်၏သားရေခွဲတမ်းရရှိပုံဖြစ်သည်။ ၇:၉–၁၀ အပိုဒ်ငယ် (၉)သည် ဘောဇဉ်ပူဇော်သက္ကာပြုရာတွင် ယဇ်ပုရောဟိတ်၏ဝေစုနှင့် အပိုဒ်ငယ် ၁၀သည် ယဇ်ပုရောဟိတ်များ၏ခွဲတမ်းအကြောင်းဖြစ်သည်။ ၇:၁၁–၁၈ မိဿဟာယပူဇော်သက္ကာပြုလုပ်ပုံကို ၇:၁၁-၂၁ တွင် ရှင်းပြပြီးဖြစ်သည်။ ဘောဇဉ်ပူဇော်သက္ကာပြုခြင်းရည်ရွယ်ချက်ပေါ်မူတည်၍ (၃)မျိုးရှိသည်။ ကျေးဇူးတော်ချီးမွမ်းခြင်း (ငယ်...

  • ဝတ်ပြုရာကျမ်း ၈

    ၃။ ယဇ်ပုရောဟိတ်များစင်ကြယ်ရခြင်း (အခန်း ၈–၁၀) (က) မောရှေကယဇ်ပုရောဟိတ်များသို့အထူးအာဏာကုန်လွှဲအပ်ခြင်း (အခန်း ၈)           ၈:၁–၅ အခန်း ၂၈ နှင့် ၂၉တွင်အာရုန်နှင့်သားများအား ယဇ်ပုရောဟိတ်အရိုက်အရာခန့်အပ်ကြောင်း ဘုရားသခင်က မောရှေသို့ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ပေးသည်။ အခန်း ၈-၁၀တွင် ဤအရိုက်အရာကို မောရှေ ထမ်းဆောင်လာခဲ့သည်။ ဘုရားသခင်စေခိုင်းသည့်အတိုင်း မောရှေသည် ယဇ်ပုရောဟိတ်များနှင့် ပရိသတ်များကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ...