Category: သုတ္တံကျမ်း

  • သုတ္တံကျမ်း ၁၂

    ၁၂:၁ တိုးတက်ကြီးပွားချင်သူများသည် သူတပါး ပဲ့ပြင်ဆုံးမခြင်းသွန်သင်ခြင်းကို လိုလားစွာ လက်ခံကြသည်။ ထိုကဲ့သို့မဟုတ်ဘဲ့ သူတပါးဆုံးမခြင်းကို မထီမဲ့မြင်ပြုသူများသည် လူမိုက်လူဗလ ဖြစ်သည်။ ၁၂:၂ စိတ်သဘောထားပြည့်ဝ၍ ကိုယ်ကျင့်တရားကောင်းမွန်သူများသည် ဘုရားသခင်၏ စိတ်တော်နှင့်ထိတွေ့သူများ ဖြစ်သည်။ လူမိုက်၏ လုပ်ဆောင်သမျှသည် သူ့အား ပြန်လည်တရားစီရင်မည့် အမှုအရာများ ဖြစ်သည်။ Foreman က” စကြဝဠာ အရှင်သခင်က မတရားသောသူများကို မုန်းတီးသည်။ မတရားသူကို...

  • သုတ္တံကျမ်း ၁၃

    ၁၃:၁  ကိုယ်ခန္ဓာနှင့်အသိစိတ်ပြိုင်တူ ဖွံ့ထွားတိုးတက်လျှင် လူပီသသည်။ ကလေးသူငယ်သည် ဘေးဘက်ထောက်သွားပြီးမှ လမ်းလျှောက်သည်။ ထို့နောက်မှ စကားပြောတတ်သည်။ ဝိညာဉ်ရေးရာတွင်လည်း ပထမဦးစွာ အသက်တာပြောင်းလဲပြီးမှ နာခံခြင်းအသက်တာ ရှိရသည်။ ပြီးနောက် အမှုတော်တွင် ပါဝင်ဆက်ကပ်ရသည်။ ပညာရှိ၏ သားသမီးများသည် စည်းကမ်းကလနားလိုက်နာ၏။ မိဘစကားကို နာခံ၏။ မထီမဲ့မြင်ပြုတတ်သူ၏ သားသမီးမူကားပြောသမျှကို နားထောင်သော်လည်း မိမိအမှားပြင်ဆင်ခြင်း၊ လိုက်လျှောက်ခြင်းမရှိ။ ပြန်မပြော၊ နားမထောင်လုပ်တတ်သည်။ ၁၃:၂...

  • သုတ္တံကျမ်း ၁၄

    ၁၄:၁ ပညာရှိသော အိမ်ရှင်မလက်ဖြင့် တအိမ်သားလုံး ပျော်ရွှင်ကျေနပ်ကြသည်။ မိုက်သောမိန်းမမူကား အိမ်ထောင်မိသားစုကို ဖျက်ဆီးပစ်သည်။ သူ့လင်သူ့သားသမီးများ မျက်နှာပျက်ကြရသည်။ မိုက်သောမိန်းမကြောင့် အိမ်ထောင်မိသားစု ပြိုကွဲမျက်ရည်ကျရသကဲ့သို့ ဘာသာရေးတွင်လည်း မိန်းမများ နေရာပေးလွန်းလျှင် ပျက်စီးတတ်သည်။ ၁၄:၂ ယောက်ျားသား၏ ကြိုးစားအားထုတ်မှုသည် ဘုရားသခင်အမှုတော်သို့သာ ဦးတည်ရှေ့ရှုရသည်။ ဖြောင့်မတ်သူသည် ဘုရားသခင်၏အလိုတော်နှင့်အညီ လုပ်ဆောင်လေ့ရှိသည်။ မထီမဲ့မြင်ပြုတတ်သောသူမူကား ဘုရားတရားမသိ။ ပြုမူလုပ်ဆောင်သမျှသည် ရိုက်ကွင်း (၁၂)...