ဓမ္မရာဇဝင်တတိယစောင် ၅
(င) ရှောလမုန် ဘုရင်၏ ဗိမာန်တော် (အခန်း ၅–၇) (၁) ဟိရံမင်းနှင့် သဘောတူညီချက် (အခန်း ၅) ၅:၁–၁၂ ဟိရံ မင်းသည် လေဗနုန်တောအုပ် ကြီးကို ပိုင်ဆိုင်သော တပါးအမျိုးသားမင်းဖြစ်သည်။ ဒါဝိဒ်မင်းနှင့် နှစ်ပြည့်တစ်ပြည် ရွှေလမ်းငွေလမ်းထားသော မိတ်ဆွေကောင်းဖြစ်သည့် အားလျော်စွာ ဒါဝိဒ်မင်း၏ သားတော် ရှောလမုန်မင်းနှင့် လည်း မဟာမိတ်ပြုလိုသည်။ ရှောလမုန်မင်းက ဗိမာန်တော်...