ဓမ္မရာဇဝင်တတိယစောင် ၂၀
၉။ အာဟပ်မင်း ရှုရိတို့အား ပထမကြိမ် အောင်နိုင်ခြင်း (၂၀:၁–၂၂) ၂၀:၁–၆ ဤကျမ်းပိုဒ်တွင် ပါရှိသော ရှုရိဘုရင် ဗင်္ဟာဒဒ် သည် ၁၅:၁၈-၂၀ ၌ ဖော်ပြခဲ့သော ဘုရင်ပင်ဖြစ်သည်။ အာရမိတ်မင်း ၃၂ ပါးနှင့် မဟာမိတ်ဖွဲ့လျက် ရှမာရိပြည်အား တိုက်ခိုက်သိမ်းပိုက်ရန် မြင်းသည်တော်၊ စစ်ရထားများ ဖြင့် စစ်ချီလာကြသည်။ မြို့ကို ဝန်းရံပြီးသောအခါ “သင်ရွှေငွေ၊ စည်းစိမ်ဥစ္စာ၊...