ဓမ္မရာဇဝင်စတုတ္ထစောင် ၁၅
(ထ) ယုဒဘုရင် သြဇိ (အာဇရိ) (အဆက်) (၁၅:၁–၇) ၁၅:၁–၇ ယေဘူယျအားဖြင့် သြဇိမင်းကို မင်းကောင်းမင်းသန့်ဟု ဆိုနိုင်သည်။ အားနည်းချက် တစ်ခုမှာ တောင်ကုန်းများပေါ်၌ ဘုရားတု ဆက်လက်ထားရှိခွင့် ပြုခြင်းဖြစ်သည်။ ယဇ်ပုရောဟိတ်များက တားမြစ်သည့်အကြားမှ ကိုယ်တိုင်ဗိမာန်တော် ထဲ၌ အမွှေးတိုင် ဝင်ရောက်ပူဇော်သောကြောင့် ဒဏ်ခတ်ခြင်း ခံရသည်။ နူနာစွဲ သောကြောင့် နန်းတော်တွင် စိုးစံခွင့် မရှိဘဲ၊...