ရာဇဝင်ချုပ်ပထမစောင် ၁
၁။မျိုးရိုးစဉ်လာ (အခန်း ၁–၉) ပထမပိုင်းအခန်း (၉)ခုကို မျိုးရိုးစဉ်လာဇယား သို့မဟုတ် မိသားစုဆင်းသက်လာပုံ ဟုခေါ်နိုင်သည်။ ယုဒလူမျိုးများ ဆင်းသက်လာပုံ မျိုးရိုးစဉ်သည် အရေးကြီးသည်။ ဖမ်းဆီးခေါ်ဆောင်ရာမှ ပြန်လည်လွတ်မြောက် လာသောအခါ တော်ဝင်မျိုးရိုးနှင့် ယဇ်ပုရောဟိတ်အနွယ်သည် အရေးကြီးသောအခန်း ကဏ္ဍမှ ပါလာသည်။ ဤအခန်းများတွင် အခြားကျမ်းစာများ၌ ပါရှိသည့် အမည်နာမများကွဲပြားသည်ကိုလည်း တွေ့ရမည်။ ထိုသို့ဖြစ်ရခြင်းမှာ အချို့လူများသည် နာမည်တခုမကရှိကြသည်။...