ရာဇဝင်ချုပ်ပထမစောင် ၄
“ထိုအဆွေအမျိုး၌ ယာဗက်သည် ထူးဆန်းသူဖြစ်၏” (၄:၉)။ ဘုရားသခင်၏ မျက်နှာတော်ကို လိုက်ရှာသူဖြစ်သည်။ ဘုရားသခင်၏ကောင်းကြီးမင်္ဂလာကို တန်ဖိုးထားသည်။ ယုံကြည်ကိုးစားသူဖြစ်၍ ဘုရားသခင်ရှေ့၌ မျက်နှာတော်ရသည်။ “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင်ထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးသည်ကို ၎င်း၊ ယုံကြည်ရမည်” (ဟေဗြဲ ၁၁:၁၆) ဟူသော ကျမ်းစကားနှင့်အညီ ဖြစ်သည်။ ထိုအကြောင်းက...