ရာဇဝင်ချုပ်ဒုတိယစောင် ၇
၇:၁-၇ ရှောလမုန်ဘုရင်၏ ဆုတောင်းချက်စကား အဆုံးသတ်သည် နှင့်တပြိုင်နက် ကောင်းကင်ယံမှ မီးကျလာပြီး မီးရှို့ရာယဇ်ကို လောင်ကျွမ်းသည်။ ဗိမာန်တော်တခုလုံး ကိုလည်းဘုရားသခင်၏ ဘုန်းတန်ခိုးတော်ဖြင့် ပြည့်စုံသည်။ ကောင်းကင်ယံ ဘုန်းတန်ခိုးတိမ်တောက်ဆင်းသက်လာ သဖြင့် ပရိသတ်အပေါင်းသည် သမံသလင်းပေါ်တွင် ပြားပြားဝပ်၍ ဝတ်ပြုကိုးကွယ်ကြသည်။ ရှောလမုန်ဦးဆောင်၍ နွားနှင့် သိုးထောင်ချီ ယဇ်ကောင် မီးရှို့ပူဇော်ကြသည်။ ယဇ်ပုရောဟိတ်များက ယဇ်ပလ္လင်အမှုအရာထမ်းဆောင်ကြ၍၊ တေးဂီတတူရိယာပညာရှင်များက ဒါဝိဒ်ဘုရင်စပ်ဆိုထားခဲ့သော တေးသီချင်းများဖြင့်...