Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ရာဇဝင်ချုပ်ဒုတိယစောင် ၁၃

    (ခ) အဘိယမင်း (အခန်း၁၃) ၁၃:၁–၃ အဘိယမင်း၏ မယ်တော်သည် ဩရေလ၏ သမီးမာခါဖြစ်သည်။၁၄ ရောဗောင်မင်းနောက်တွင်(၃) နှစ် ယုဒဘုရင်အဖြစ် နန်းထိုင်သည်။ ဘေးတော်ဒါဝိဒ် မင်းကဲ့သို့ ဘုရားသခင်ရှေ့၌ မျက်နှာတော်ရ သူမဟုတ် သော်လည်း သူ့လက်ထက်တွင် ယေရောင်ဗောင်နှင့် တကြိမ် သာ စစ်ဖြစ်သည်။  ၁၃:၄–၁၂ စစ်မဖြစ်မီ စကားစစ်ထိုးကြရာတွင် အဘိယမင်းက ဤသို့ဆိုသည်။ ‘ ဘုရားသခင်သည် ဒါဝိဒ်မင်းသို့...

  • ရာဇဝင်ချုပ်ဒုတိယစောင် ၁၄

    (ဂ) အာသမင်း (အခန်း၁၄–၁၆) ၁၄:၁–၂ လာမည့်အခန်း (၃)ခုတွင် အာသမင်း၏ အနှစ်(၄ဝ)နန်းစံပုံ ကိုလိုရင်းတိုရှင်း ရေးထားသည်။ ထိုအခန်း(၃)ခု ကို ၃ရာ ၁၅:၉-၂၄ တွင် အကျဉ်းရေးထားပြီးဖြစ်သည်။ ဤအပိုဒ်ငယ်(၁) သည် အထက်အခန်း(၁၃)နှင့် ချိတ်ဆက်ပေးသည်။ ဟေဗြဲကျမ်းမူတွင် အခန်း(၁၄:၂)မှ အစပြုထား သည်။  ၁၄:၃–၈ အာသမင်းနန်းစံချိန်တွင် နိုင်ငံတော်အေးချမ်းသာယာ၍ ဖွံ့ဖြိုးခြင်းအကြောင်းရင်းမှာ တိုင်းပြည်အုပ်စိုးသူမင်း ဘုရားတရားကိုင်းရှိုင်းဖြစ်သည်။...

  • ရာဇဝင်ချုပ်ဒုတိယစောင် ၁၅

    ၁၅:၁–၆ အာသမင်းနှင့် စစ်သည်တော်များသည် စစ်နိုင်ကြောင့် ဂုဏ်ယူစွာ ယေရုရှလင် သို့ ကြော့ကြော့မော့မော့ ပြန်လာကြသည်။ ဘုရားသခင်က ပရောဖက်အာဇရိအား စေလွှတ်၍ အာသမင်းအား တရားဟောခိုင်းသည်။ ယခုကဲ့သို့ စစ်ပွဲနိုင်ခြင်းသည် ယုဒလူများ၊ ဘုရားသခင်ကို ကိုးစားကြသောကြောင့် ဘုရားသခင်ပေး​သော ခွန်အားဖြင့် အနိုင်ရခြင်းဖြစ်သည်။ ဘုရားသခင်နှင့် ဝေးကွာသောဣသရေလ လူများသည် အရှက်တကွဲ အကျိုးနည်းဖြင့် ခွေးပြေး ဝက်ပြေးအသက်လုပြေးကြ ရသည်။...