ရာဇဝင်ချုပ်ဒုတိယစောင် ၂၂
(စ) အာခဇိမင်း (၂၂:၁–၉) ၂၂:၁–၉ အာဟတ်မင်းဆိုးနှင့်ပေါင်းဖက်ခြင်း၏ အကျိုးရလဒ်သည် တတိယမျိုးဆက်တွင် ပေါ်ထွန်းသည်။ အာခဇိကို ယဟောဟ၏ (၂၁:၁၇)ဟု၎င်း၊ Azariah (ငယ်၆)ဟု၎င်း ခေါ်ကြသည်။ နန်းတက်ချိန်တွင် အသက်(၂၂)နှစ်၂၁ (NIJV Marg)ရှိသည်။ မယ်တော်အာသလိသည် သြမရိမင်း၏ သမီးတော်ဖြစ်သည်။ သူ့ခင်ပွန်းသေဆုံးပြီးသည့်နောက်ပိုင်းတွင်လည်း နန်းတွင်းရေးရာ၌ သြဇာအာဏာသက်ရောက်ချယ်လှယ်နိုင်စွမ်းရှိသည်။ မကောင်းမှုဒုစရိုက်လုပ်ဖို့ သူ့သား၏အခါတော်ပေးအရာရှိချုပ်ဖြစ်သည်။ သခင်မရှိတော့သည့်အခါ ရိုးရာထုံးတမ်း စဉ်လာအတိုင်း ဒါဝိဒ်မင်း၏...