Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ရာဇဝင်ချုပ်ဒုတိယစောင် ၂၈

    (ဌ) အာခတ်မင်း (အခန်း ၂၈) ၂၈:၁–၄ အာခတ်မင်းရာဇဝင်ကို ၂ရာ ၁၆၊ ဟေရှာရတို့နှင့်ပေါင်းစပ် ဖတ်ရှုလျှင် ပိုမိုပြည့်စုံသည်။ ယုဒဘုရင်များအနက် အဆိုး၀ါးဆုံးဘုရင်တပါးဖြစ်သော်လည်း (၁၆)နှစ် တိုင်တိုင်နန်းတက်ရှည်ခဲ့သည်။၂၅ ရုပ်တုဘုရားတု ကိုးကွယ်ခြင်း၌ ရှိသမျှအချိန်ဖြုန်းတီးသည်။ ဘိုးတော်ဒါဝိဒ်မင်း၏ ခြေရာမရှာဘဲ ၊ ဣသရေလဘုရင်တိုင်း၏ ဆိုးယုတ်မှု ကြံဖန်အ​မွေဆက်ခံသည်။ ဟိန္နုံချိုင့်ဝှမ်းတွင် လူကိုယ်တိုင်သူ့သားကိုမီးရှို့ယဇ်ပူဇော်သည်။ ရှောလမုန်ဘုရင် ဆောက်တည်သော မောသုတ်ဘုရားတုအား လက်တွေ့ကိုးကွယ်ကျင့်သုံးလာကြသည်...

  • ရာဇဝင်ချုပ်ဒုတိယစောင် ၂၉

    (ဍ) ဟေဇကိမင်း (အခန်း ၂၉– ၃၂) ၂၉:၁–၁၁ ဟေဇကိမင်းအကြောင်းကို အခန်းပေါင်းရေးထားသည်။ ၃ရာ ၁၈-၂၀ တွင် အခန်း(၃)ခန်း၊ ဟေရှာ ၃၆-၃၉တွင် (၄)ခန်းနှင့် ဤကျမ်းစာစောင်တွင်(၄)ခန်းသာရှိသည်။ ဤကျမ်းစာစောင်တွင် အဓိကအားဖြင့် ဘုရားတရားကိုင်းရှိုင်းပုံရေးသား၍ ၊ ၄ရာ ၁၈-၂၀ တွင် နိုင်ငံရေးရာ ပိုမိုအသားပေးထားသည်။ နှစ်ခုစလုံးတွင် ဘုရားတရားကိုင်းရှိုင်းပုံ သဘောထားပါဝင်သည်။ ဟေဇကိမင်းသည် ဘာသာရေးဆရာကြီးသမားများနှင့်...

  • ရာဇဝင်ချုပ်ဒုတိယစောင် ၃၀

     ၃၀:၁–၅ အခန်း(၃၀) သည် ဟေဇကိမင်း၏ ပသခါပွဲတော်ကျင်းပခြင်းအကြောင်းစုံဖြစ်သည်။ ဣသရေလပြည်နှင့် နှစ်ပိုင်းကွဲပြားသည့်အချိန်မှစ၍ လစ်လျှူရှုပစ်ပယ်ကြသည့်ပွဲတော်ဖြစ်သည် (၆ရာ ၈:၁၃)။ ဟေဇကိမင်းသည် ပထမလတွင် ဗိမာန်တော်အတွင်းအပြင်အား သန့်ရှင်းရေးပြုလုပ်သည်။ ဒုတိယတွင် ပသခါပွဲတော်နှင့် တဆေးမဲ့မုန့်ပွဲတော်ကျင်းပရန် ပြင်ဆင်သည်။ ဟော ၉:၁၁ အရခရီးလွန်ခြင်း၊ အသုဘအလောင်းကောင် ကိုင်တွယ်သဖြင့် ပထမလတွင် မပါဝင်ခြင်းရှိသူများအတွက် ဒုတိယလတွင် ပသခါပွဲတော်ကျင်းပစီရင်သည်။ ဟေဇကိမင်းသည် ထိုအချက်များနှင့် အကြုံးမဝင်သော်လည်း...