Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • နေဟမိမှတ်စာ ၄

    ၃။ ပြင်ပအခက်အခဲများနှင့် အထူးသတိပေးချက် (အခန်း ၄) ၄:၁–၆ အထက်ကျမ်းပိုဒ်တွင် ဆိုခဲ့သည့်အတိုင်း သမ္ဘာလတ်နှင့် တောဘိတို့က မြို့ရိုးဆောက်လုပ်ခြင်း ကို ပြက်ယယ်ပြုသည်။ ခါချဉ်ကောင်က မည်သို့ တောင်ဖြိုနိုင်မည်နည်း၊ ထိုမြို့ရိုးသည် ခွေးအများ တိုက်မိလျှင် ပြိုလဲကုန်မှာဘဲ” ဟုသရော်ကြသည်။ သို့သော်နေဟမိသည် မီးကို မီးခြင်း၊ ရန်ကိုရန်ခြင်းမတုန့်ပြန်။ ဆုတောင်းခြင်းဖြင့် တုန့်ပြန်သည်။အလုပ်ဖြင့် သက်သေပြသည်။ အပိုဒ်ငယ် ၄နှင့်၅သည်...

  • နေဟမိမှတ်စာ ၅

    ၄။ အတွင်းပိုင်းပြဿနာနှင့်လူမှုရေးပြုပြင်ပြောင်းလဲမှု (အခန်း ၅၊၆)  ၅:၁–၇ ထိုသို့ မြို့ရိုးအားကျိုးမာန်တက်ဆောက်လုပ်နေကြစဉ် အတွင်းပြဿနာပေါ်ပေါက်သည်။ အစားအသောက် ရှားပါးသည်။ ငွေကြေးဖောင်းပွသည်။ အခွန်အခ ပေးဆောင်ရန် ကြပ်တည်းကြသည်။ ငွေကြေးရှင်များက ခေတ်ပျက်သူဌေးလုပ်ကြသည်။ တောမီးလောင်တောကြောင် လက်ခမောင်းခတ်၍ မတန်တဆ ငွေတိုးချေးစားကြသည်။ အချို့က ရင်ဝယ်သားသမီးများကို ကျွန်အဖြစ်ရောင်းစားကြရသည်။ လယ်ပိုင်ယာပိုင်များ စွန့်လွှတ်ကြရသည်။ မြေယာအိုးအိမ်များ မတန်တဆဈေးချရောင်းငွေဖြင့် သားသမီးပြန်ရွေးကြသည်။ ထိုသတင်းဖြစ်စဉ်ကြားသိသောအခါ နေဟမိသည်...

  • နေဟမိမှတ်စာ ၆

     ၆:၁–၄ နေဟမိ၏ လုပ်ဆောင်ချက် အကောင်အထည်ဖော် ရုပ်လုံးပေါ်သောအခါ မနာလိုမုန်းထား အဖျက်သမားများက အကောက်ကြံပြန်သည်။ သမ္ဘာလတ်နှင့် ဂေရှင်တို့က သြနောချိုင့်ဝှမ်းတွင် တွေ့ဆုံဖို့ နေဟမိအား (၄)ကြိမ်တိုင်တိုင် မျှားခေါ်ကြံစည်ကြသည်။ သူ့ကို ဒုက္ခပေးမည့်အကြောင်း နေဟမိရိပ်မိသဖြင့် အမိုက်ခံ၍ မသွား။ ဘုရားပေးအလုပ်ကိုသာလျှင် ဣန္ဒြေရရ ဆက်လက်ဆောက်လုပ်သည်။ ခွေးလေးခုန်၍ ဖုန်မထနိုင်ပါတကား။ ၆:၅–၉ သြနောချိုင့်ဝှမ်းသို့ လိမ်ညာခေါ်ဆောင် မရမှန်းသိသောအခါ သမ္ဘာလတ်သည်ပဉ္စမအကြိမ်မြောက်...