ဧသတာဝတ္ထု ၅
၄။ ယုဒလူများသတ်ဖြတ် ညှဉ်းဆဲခြင်းမှ အသက်ရှူချောင်ခြင်း (အခန်း ၅၊၉) (က) ဧသတာ၏ အသနားခံခြင်းနှင့် ဟာမန်၏ ဒေါသ (အခန်း ၅) ၅:၁–၃ ယုဒလူမျိုးနှင့်တကွ (၃)ရက်လုံးလုံး အစာရှောင်ဆုတောင်းပြီးသောအခါ ဧသတာသည် နန်းဝတ်နန်းစာဆင်မြန်းလျက် ရှင်ဘုရင်၏ ဖိတ်ခေါ်ခြင်းမရှိဘဲလျက် အရဲစွန့်၍ ဝင်ရောက်ခစားသည်။ ဧသတာ၏ စွန့်စားမှုကို ရှင်ဘုရင်က အသိအမှတ်ပြု၍ ရာဇလှံတံ ကမ်းပေးလိုက်သည်။ တိုင်းပြည်...