ဆာလံကျမ်း ၈
ဆာ၈၊ လူဆိုသည်ကား အဘယ်နည်း ဘုရားရှင်သည် ပြောမဆုံးအောင်ကြီးမြတ် သည်။ဘုရားရှင်၏ဆန့်ကျင်ဘက်ရှိလူသည်ကား မပြောပလောက်အောင်သေးငယ်သည်။ သို့သော်လည်း ဘုရားရှင်သည် ထိုမျှလောက်သေးငယ်သောလူကို အံ့ဘွယ်ဘုန်းတန်ခိုးပေးသည်။ ထိုအကြောင်းအရာကို ဒါဝိဒ်ဘဝအသက်တာတွင် တွေ့မြင်သင်ခန်းစာယူနိုင်သည်။ ၈း၁ ဘုရားသခင်၏ အံ့ဩဘွယ်ရာတန်ခိုးတော်မှာ အရာခပ်သိမ်းကို ဖန်ဆင်းခြင်းဖြစ်သည်။လူသည် ထိုဖန်ဆင်းထားသောအရာများကိုသာ မြင်နိုင်သည်။ အရာခပ်သိမ်းကို သိပ္ပံနည်းကျကျလေ့လာဆန်းစစ်လျှင် ဖန်ဆင်းရှင်၏ ဉာဏ်ပညာတော်ကြီးမားပုံနှင့် ဘုန်းတန်ခိုးထက်မြက်ပုံမြင်ရသည်။ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် မိုးကောင်းကင်ယံထက်မြင့်မားသည်။ ဂြိုလ်များ၊...