Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဆာလံကျမ်း ၁၁

    ဆာ ၁၁ ယုံကြည်ခြင်း သစ္စာရှိလျှက် ဘာကြောင့်ထွက်ပြေးသနည်း ဆာ ၁၁ သည် စိတ်ဓာတ်ကျရောဂါဖြေဆေးဖြစ်သည်။ ကြားသမျှသတင်းကသတင်းဆိုး။ စစ်သတင်း၊ရာဇဝတ်မှု၊ ကြမ်းဖက်မှု၊ ပျက်စီးခြင်းနှင့် နိုင်ငံရေးမငြိမ်မသက်မှုဖြစ်သည်။ ထိုသို့သော အမင်္ဂလာသတင်းများကြားထဲမှ ဘုရားရှင်ကိုသာ ရှေးရှုကြရန် ဒါဝိဒ်ကသတိပေးပါသည်။ဒါဝိဒ်သည် အိမ်ရှေ့တခါးဖွင့်သောအခါ သွေးရူးသွေးတန်းဧည့်သည်တွေ့ပါလိမ့်မည်။ မျက်နှာက ဖြူဖတ်ဖြူသော်၊ မျက်စိက တဏှာမငြိမ်၊ နှုတ်ခမ်းက တုန်တုန်ယင်ယင်ဖြစ်နေသည်။ အသက်ပင်မှန်မှန်မရှုနိုင်။ထိုအဆိုးမြင်ဝါဒီအား ဒါဝိဒ်ကအကောင်းမြင် ဝါဒဖြင့်အဖြေပေးအားပေးထားသည်။...

  • ဆာလံကျမ်း ၁၂

    ဆာ ၁၂၊ ဘုရားစကားနှင့် လူစကား ၁၂း၁ ယုံကြည်သူများ၏ ဆိုစကားကို အပိုဒ်ငယ် ၁ တွင် တွေ့ရသည်။“ကိုယ်တော်ဘုရား၊ အကယ်အမကြွတော်မူပါ။လူ့လောကမှာ သနားစာနာမှုသေလွန်၍ နှလုံးသားရင်းဖြင့်ယုံကြည်မှုလည်း လွန်မြောက်ကုန်ပြီ” (Knox ကျမ်းမှု) ၁၂း၂ ယုံကြည်ခြင်းနှင့် ဖီလာဆန့်ကျင် သည့်အကြောင်းအရာ(၃)ချက် ပေးထားသည်။မုသာစကား။ အရှက်သိက္ခာမရှိ ဗြောင်ကျကျလိမ်ညာကြသည့်အပြင် အဖြူရောင်မုသာ၊ အထက်တဝက် အောက်တဝက်၊ ပုံကြီးချဲ့ခြင်းနှင့် ကတိကဝတ်ပျက်ကွက်ခြင်းများ ကျူးလွန်ကြသည်။မြောက်လုံးပင့်ချီစကား။...

  • ဆာလံကျမ်း ၁၃

    ဆာ ၁၃၊ အဘယ်မျှကာလပတ်လုံး ဒါဝိဒ်နှုတ်ဖျားမှ လေးကြိမ်တိုင်တိုင် “အဘယ်မျှကာလပတ်လုံး” ဟု ညီးတွားသည်။ ရန်သူက (ရှောလုဖြစ်နိုင်သည်) နောက်မှ ထပ်ချပ်မကွာလိုက်လာစဉ်ဘုရားသခင်၏ စစ်ကူရထားလုံးပျံသည် နှေးကွေးလွန်းလှသည်ဟု ဒါဝိဒ်ထင်သည်။ ရန်သူက လေးကြိမ်လေးခါလိုက်လို့မမှီတမှီဖြစ်နေသည်။ သူ့ကို ဘေးရန်လွန်ခွင့်မပေးတော့ဘူးလားဟု ဆိုသည်။ဘုရားသခင်က သူ့ကိုမေ့ရော့လေသလားဘုရားသခင်က မနှစ်သက်တော့၍ ဖြတ်တောက်လေရော့သလားနေ့စဉ်နှင့်အမျှ နှလုံးကြွေပြုန်းမတတ်နာကျင်လှသည်အရှုံးသမားဘဝဖြင့် မျက်နှာညှိုးငယ်စွာ ခံစားနေရသည်။ ၁၃း၁-၄ ဘုရားသခင်သည် ဒါဝိဒ်၏အော်ဟစ်သံကို နားထောင်၍...