ဆာလံကျမ်း ၁၄
ဆာ ၁၄၊ လူမိုက်အယူဝါဒ ၁၄း၁ လူမိုက်တို့၏ ကိုးကွယ်ရာဘာသာ သည်ဘုရားမဲ့ဘာသာဖြစ်သည်။ ဘုရားသခင်ကိုလည်းအလိုမရှိကြ။ ထို့ကြောင့်ဘုရားသခင်မရှိဟု ခံယူကြသည်။ မတွေးတောအပ်သော မိုးကြိုးပစ်မည့်ကိန်းဖြစ်သည်။ ငါဟာ အရာခပ်သိမ်းကိုသိရှိတယ်။ ငါ့အသိတရားအပြင်ဘက်မှာ ဘုရားသခင်ရှိတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒုတိယအချက်မှာငါဟာနေရာတိုင်းမှာ တချိန်တည်းတွင်ရှိတယ်လို့ဆိုတယ်။ အဲဒါမဖြစ်နိုင်ဘူးဟုတွေးကြည့်သည်။ ဘုရားသခင်၏ဖန်ဆင်းခြင်း၊ စကြာဝဠာဖွဲ့စည်းပုံ၊ နက္ခတ်ဂြိုလ်တာရာများ လှည့်လည်သွားလာကြပုံ၊ ကမ္ဘာမြေပေါ်မှာ သက်ရှိသတ္တဝါများရှင်သန်ကြပုံ၊ လူ့ခန္ဓာဇီဝဗေဒဖွဲ့စည်းပုံ၊ လူ့ဦးနှောက်နှင့်ရေမြေဩဇာတို့ အလုပ်လုပ်ပုံများ စဉ်းစား၍မမှီနိုင်။လူ့လောကကမ္ဘာမြေတွင်...