Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဆာလံကျမ်း ၄၄

    ဆာ ၄၄ သားသတ်သမားလက်မှသိုး သာမန်ရှုံးနိမ့်ခြင်းထက် စင်ပေါ်ရောက်ပြီးမှ တဖန်ရှုံးနိမ့်ခြင်းသည် ပို၍နာကျင်ပါသည်။ ထိုအခါမျိုးတွင် ဘုရားသခင်သည် မိမိဘက်မှာ မရှိတော့ဘူးလားဟု အတွေးမှားဝင်တတ်ပါသည်။ ၄၄:၁–၃ ဣသရေလတို့ သမိုင်းကြောင်းသည် နိမ့်တုံမြင့်တုံဖြင့် မတည်ငြိမ်ခဲ့။ ဘုရားသခင်က မကြာခဏ ဝင်ရောက်ဖြေရှင်းပေးလေ့ရှိသည်။ ရေခံမြေခံ ဒေသခံလူ၊ လူရိုင်းများကို ဖယ်ရှားပြီး ခါနာန်မြေအား ဣသရေလ လူများလက်ထဲသို့ ဘိုးဘွားပိုင်မြေအဖြစ်သို့ ပေးသည်။ ခါနာန်ပြည်သားများက...

  • ဆာလံကျမ်း ၄၅

    ဆာ ၄၅ ဘုရင်တကာတို့၏ ဘုရင်           ၄၅:၁ ဆာလံဆရာသည် ဤကျမ်းချက်ကို လျှောကနဲ၊ လျှောကနဲ ရေးသားမည်ထင်ပါသည်။ ရင်ထဲခံစားချက်မှ ပြည့်လျှံလာသမျှကို စာစီကုံးခြင်းဖြစ်သည်။ ရှင်ဘုရင်ချီးမွမ်းခန်းဖြစ်သည်။ အထွေအထူး စဉ်းစားမနေ။ ဖောင်တိန်ကိုင်လိုက်သည်နှင့် ကရားရေလွှတ်စကားလုံးများ စီးဆင်းလာသည်။ လျှာကလည်း ထုတ်ဖော်မြွက်ဆိုဖို့ ယားနေသည်။ သို့သော် လူ့အစွမ်းအစ လုပ်ဆောင်ချက်များမဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လှုံ့ဆော်မှုဖြစ်သည်။ ၄၅:၂...

  • ဆာလံကျမ်း ၄၆

    ဆာ ၄၆ ငါတို့နှင့် အတူရှိတော်မူသောဘုရား           ပထမကမ္ဘာစစ်အတွင်းတွင် စကော့တလန်ပြည်တွင် လူငယ်လူရွယ်များအားလုံး စစ်တပ်ထဲသို့ ဝင်ရောက်ဖို့ စစ်မှုထမ်းဆင့်ခေါ်ရာ ကျွန်းတကျွန်းမှ လူငယ်အသိုက်သည်လည်း ပင်မကျွန်းသို့ ရွက်လွှင့်၍ စစ်မှုထမ်းစာရင်းလာသွင်းကြသည်။ စစ်မှုထမ်းဖို့ လူစုဝေးနေကြစဉ် မိဘဆွေမျိုးများနှင့် မိတ်ဆွေအပေါင်း အသင်းများက အောက်ပါသီချင်းကို သီဆိုပေးကြသည်။ ဘုရားရှင်သည် ငါတို့ကွယ်ကာရာ ခိုလှုံရာ စဉ်သဖြင့် ကူညီစောင့်ရှောက်လျက်ရှိ။ ကမ္ဘာမြေမတည်ရွှေ့လျားသွားလည်း စိုးရိမ်သောကမရှိ။...