Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဆာလံကျမ်း ၅၉

    ဆာ ၅၉ ငါတို့ကိုတွေ့ဘို့ကြွလာသောရှင်မြတ်ချစ်           ဒါဝိဒ်သည်ရန်သူများက ဝိုင်းရံနေကြသောကြောင့်အသက်မှန်မှန်မရှူရဲ။ ရှောလု၏လူများက ဝိုင်ထားသည်။ အသက်ရှူသံကြားသွားမှာစိုးသောကြောင့် နှာခေါင်းပိတ်ထားရသည်။ ၅၉:၁–၄ ဒါဝိဒ်၏ရင်ဖိုသံကြားရသည်။ “ကယ်တော်မူပါ၊ ကယ်မပါ၊ ကယ်ပါ” ဟုရှိုက်သံ နှော၍ပြောနေသည်။ သူ့စကားတွင်အလျင်စလိုသံ၊ အရေးပေါ်သံ၊ သေတော့မည့်အသံမျိုးပါသည်။ မတရားသောသူများက သတ်မည်တကဲကဲလုပ်နေကြသည်။ ဒါဝိဒ်ကိုသတ်ပစ်မည့်အခွင့်အရေး စောင့်နေကြသည်။ ဆာလံဆရာသည်ထိုလူများစွပ်စွဲသည့်အတိုင်း အပြစ်မပြု။ အပြစ်ကျူးလွန်သူ မဟုတ်။ အပြစ်မရှိသော်လည်း ကြည့်မရသဖြင့်...

  • ဆာလံကျမ်း ၆၀

    ဆာ ၆၀ ဘုရားရှင်သာမျှော်လင့်ရာ           ဤဆာလံကျမ်း၏နောက်ခံသမိုင်းအကြောင်းမှာ ဒါဝိဒ်သည်မေသောပေါတာမိနှင့် ရှုရိဘုရင် ဇောဘမင်းတို့အား တိုက်ခိုက်ပြီးနောက်၎င်းစစ်သူကြီးယွာဘသည် ဆားချိုင့်ဝှမ်းတွင်ဧဒုံရန်သူပေါင်း တသောင်းနှစ်ထောင်ကိုသုတ်သင်ပြီးနောက်၎င်းအောင်ပွဲခံသည့် အချိန်ကာလဖြစ်သည်။ သို့သော်ထိုအောင်ပွဲသည်ယာယီအခိုက်အတန့် (၂ရာ ၈:၃-၁၄) မျှသာဖြစ်သည်။ သို့ကြောင့်ဒါဝိဒ်မင်းက ကောင်းကင်တံခါးပေါက်တိုင်အောင် တက်ရောက်တောင်းလျှောက်ခဲ့သည်။ ဆာလံကျမ်းပါအောက်ပါအချက်များကိုကြည့်ပါ- ၁။ ဣသရေလတို့၏အောင်မြင်ခြင်းသည် ဘုရားပေးလက်ဆောင် (ငယ်၁-၄) ၂။ ဣသရေလတို့မျှော်လင့်ချက်သည် ဘုရားသခင် (ငယ် ၅) ၃။...

  • ဆာလံကျမ်း ၆၁

    ဆာ ၆၁၊ အကျွန်ုပ်ထက်မြင့်မားသောကျောက်ဆောင်           ဒါဝိဒ်သည်အံ့သြဘွယ်ရာကောင်းလောက်အောင် ဘုရားသခင်နှင့်ဆက်နွယ်နေသည်။ သူအတွက် ဘုရားသခင်သည်- အသက်ရှင်နေသောအမှန်တရား ယုံကြည်ခြင်းရူပါရုံ လောကသားများမမြင်နိုင်သောအရာ ပိုမိုနီးကပ်လေ၊ ပိုမိုတန်ခိုးရလေ လောကအသက်ထက်နှောင်ဖွဲ့စရာဖြစ်သည်။ ရှေးစာဆိုတစ်ဦး အထူးသဖြင့်ဘေးဒုက္ခရောက်သည့်ကာလ၊ မျှော်လင့်ချက်ကုန်ဆုံးချိန်များတွင် ဝန်ထုပ်ဝန်ပိုး များကိုအထံတော်သို့ချ၍ အနားယူသည်။ ယခုအကြပ်အတည်းတမျိုးကြုံရပြန်ပြီ။ သောကဗျာပါဒစီး၍ရတက်ပွေနေသည်။ ထိုအပြစ် ဆိုးမှလွတ်မြောက်ရန် ဆုတောင်းနေရသည်။ ယုံကြည်သူများသည်လည်း ပြဿနာပေါင်းတသောင်း ခြောက်ထောင်ကြုံဆုံရတတ်သည်။ နှုတ်ဖြင့်မဖော်ပြနိုင်လောက်အောင်ရင်ထဲ၌ မွမ်းကြပ်စွာခံစားရ...