ဆာလံကျမ်း ၈၀
ဆာ ၈၀၊ ညာလက်ရုံးတော်လူသားတော် ဤသီချင်းတွင်လည်း ဆာလံဆရာက ကြေကွဲ၀မ်းနည်းခြင်းစမ်းချောင်းများတွင် မျက်ရည်များစီးဆင်း စေသည်။ ပထမတွင်သိုးအုပ် နောက်စပျစ်နွယ်၊အဖြစ်တင်စား၍ ဣသရေလလူများကို ခွင့်လွှတ်ပြီး ပြန်လည်ထူထောင်ဖို့ တစ်လျှောက်ထားပါသည်။ ၈၀:၁–၃ ဘုရားသခင်ကို ယောသပ်အား ကောင်းချီးပေးသော ယာကုပ်၏ဘုရားဟု လိပ်မူခေါ်ဆိုသည်။ ‘ဣသရေလတို့၏သိုးထိန်းကြီး၊ကျောက်ဆောင်’ (က ၄၉:၂၄)ဟု ခေါ်သည်။ ယောသပ်သိုးထိန်းသကဲ့သို့ ဣသရေလ လူများကို အဲဂုတ္တုပြည်မှ ခါနာန်ပြည်သို့ ထိန်းကျောင်းခေါ်ဆောင်သော...