Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဆာလံကျမ်း ၈၉

    ဆာ ၈၉ ဒါဝိဒ်သို့ ဘုရားသခင်၏ပဋိညာဉ် ၈၉:၁–၂ ယေဟောဝါဘုရားသခင်က ဒါဝိဒ်ထံသို့ပြုတော်မူသော ပဋိညာဉ်အား ဧသန်က ထုတ်ဖော် ထောမနာပြုသည်။ ဘုရားသခင်၏ကရုဏာတော်သည် အစဉ်တည်တံ့တော်မူသောကြောင့် အစဉ်ထာ၀ရ ချီးမွမ်းပါမည်။ ၈၉:၃–၄ ဘုရားသခင်နှင့်ဒါဝိဒ်တို့အကြားပဋိညာဉ်သည် ယုံကြည်ခြင်းသစ္စာဖြစ်၍ သန့်ရှင်းသည်။ ဒါဝိဒ်သည် ဘုရားသခင်ရွေးချယ်တော်မူသော အစေခံကျွန်ဖြစ်သည်။ ဒါဝိဒ်ပလ္လင်တော်သည် ခေတ်ကာလ အဆက်ဆက် ထီးမွေနန်းမွေခံကြရမည်။ မျိုးကန်းခြင်းအလျဉ်းမရှိရ။ ခေတ်အဆက်ဆက် နန်းမျိုးနန်းနွယ် တည်နေမည်။...

  • ဆာလံကျမ်း ၉၀

    အပိုင်း၄ (ဆာ ၉၀–၁၁၉) ဆာ၉၀၊ အသုဘကြေးစည်သံလွင်လွင် ဤဆာလံတေးသီချင်း နောက်ခံရှုခင်းကို ခင်းပြပါရစေ။ သိနာတောင် ပန်းချီနောက်ခံကား မြင်ရသည်။ ကာဒေ့ဘာရှေတောသို့ စေလွှတ်ထားသော သူလျှိုများကလည်း အားတက်ကျေနပ်ဘွယ်ရာ သတင်းစကား မယူလာကြ။ ပတ်ဝန်းကျင် တောတောင်လွင်ပြင်များသို့ စခန်းချထားရေး နေရာကောင်း လိုက်ရှာကြသည်။ သို့သော် မျှော်လင့်သည် အဖြေမရကြ။ မှန်းချက်နှင့် နှမ်းထွက်မကိုက်။ ပြုသမျှအမောသာ အဖတ်တင်သည်။ နံနက်တိုင်း...

  • ဆာလံကျမ်း ၉၁

    ဆာ ၉၁ ငါ့ဆာလံတေး ၁၉၉၂ခုနှစ်တွင် Western Hebrides အရပ်၌ (၅)နှစ်အရွယ်ခလေးသည် ဆုံစို့နာရောဂါဖြင့် ဆေးရုံတက်နေသည်။ လည်ချောင်းထဲတွင် တစ်ဆို့နေသဖြင့် အသက်မှန်မှန်မရှုနိုင်။ သူ့ခရစ်ယာန်မိခင်သည် သူ့သားအဖြစ်ကို မကြည့်ရက်သဖြင့် အိမ်ပြန်သွားသည်။ အိမ်ထဲတွင် တယောက်တည်း ကြိတ်ငိုနေသည်။ ထိုစဉ် တံခါးခေါက်သံကြားရသည်။ ရပ်ဝေးမှ သူ့နားရောက်လာသည် “သင့်ကလေးအကြောင်း သတင်း ကောင်းပြောမလို့ပါ။ မပူပါနှင့်။ ပြန်လည်နေကောင်းမှာပါ။ တနေ့သောအခါ...