ဆာလံကျမ်း ၉၂
ဆာ ၉၂ ဝိညာဉ်ကိုယ်အတွက်သင်ခန်းစာ ၉၂:၁–၅ ထာ၀ရဘုရားသခင်ကိုချီးမွမ်းခြင်းသည် ကောင်းသောအမှုလက္ခဏာဖြစ်သည်။ ထိုသို့ ချီးမွမ်းသင့်ကြောင်းကို အခြားလူများအား ကြားသိစေသူများသည် မင်္ဂလာရှိကြသည်။ ဘုရားသခင်၏ နာမတော်အား အထွဋ်အထိပ်ထား၍ လူတိုင်းရှိခိုးကိုးကွယ်အပ်သည်။ ထိုသို့ချီးမွမ်းကိုးကွယ်သောကြောင့် အရှုံးတပြားမှမရှိ။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် ရပ်နားကုန်ဆုံးခြင်းမရှိ။ နံနက်မိုးသောက်ယံ မှသည် ညဉ့်နက်သန်းခေါင်ယံတိုင်အောင်ချီးမွမ်းထောမနာပြုဘွယ်ရာဖြစ်သည်။ သို့ကြောင့် ရှေးယုံကြည်သူ များသည် ကြိုးဆယ်ပင်တပ်တူရိယာ၊ ပတ်သာ၊ စောင်း၊ ပလွေများကို မြိုင်မြိုင်တီးခတ်၍...