Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဆာလံကျမ်း ၉၈

    ဆာ ၉၈ ဖန်ဆင်းခြင်းသံစုံတေးသစ် ၉၈:၁–၂ ခရစ်တော်ဘုရား ဒုတိယအကြိမ် ပြန်လည်ကြွလာခြင်းသည် တပါးအမျိုးသားများ လက်ထဲမှ ဣသရေလလူမျိုးတို့ ကွင်းလုံးကျွတ် လွတ်မြောက်ခြင်းဖြစ်သည်။ ထိုအောင်ပွဲသဘင်တွင် ရတုပိုဒ်စုံ တေးသစ်ကျူးဧကြမည်။ မေရှိယသခင်က ရန်သူများအပေါ်သို့ အောင်နိုင်သည့် အောင်စည်အောင်မောင်း တီးကြမည်။ အံ့သြဘွယ်သောအမှုဆိုသည်မှာ ကိုယ်တော်၏လက်ယာတော်ဖြင့် ရန်သူများ အောင်မြင်သည့် အကြောင်းဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော်သစ်ရောက်လာပုံကို ဆာလံဆရာက သရုပ်ဖော်ထားသည်။ ကိုယ်တော်၏...

  • ဆာလံကျမ်း ၉၉

    ဆာ ၉၉ သန့်ရှင်း သန့်ရှင်း သန့်ရှင်း ၉၉:၁ ထာ၀ရဘုရားသခင်၏ သန့်ရှင်းခြင်းကို သုံးမျိုးသုံးစား ဖော်ပြထားသည်။ (ငယ် ၃၊၅၊၉) တို့တွင် ဆာလံဆရာက မေရှိယသခင်သည် နိုင်ငံတော်တည်ထောင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း ထုတ်ဖော်ထားသည်။ ခေရုဗိမ်တွင် ကျိန်း၀ပ်တော်မူသည်။ ကိုယ်တော်၏ပလ္လင်တော်ကို ခေရုဗိမ်က ထောက်မ ထားသည်။ ထိုခေရုဗိမ်များသည် လူ့ခန္ဓာကိုယ်ဟန်ရှိသော ကောင်းကင်တမန်းများဖြစ်၍ တောင်ပံများလည်း ရှိကြသည်။ လူတို့၏အပြစ်ဒုစရိုက်ကို...

  • ဆာလံကျမ်း ၁၀၀

    ဆာ ၁၀၀ ဂန္တ၀င်ရာပြည် Geneva Psalter (1551)မှ ဂန္တ၀င်ရာပြည့် တေးသွားကို လူတိုင်းသိရှိ သီဆိုကြပါသည်။ ထိုသီချင်း သည် လောကသားအပေါင်းအား ယေဟောဝါဘုရားသခင်ကို ကိုးကွယ်ဖို့ ပင့်ဖိတ်တေးဖြစ်သည်။ ဣသရေလ လူမျိုးများသာဟု ကျဉ်းမြောင်းသောအယူအဆ အုတ်တံတိုင်းကိုကျော်လွန်၍ အနယ်နယ်အရပ်ရပ်ရှိ တပါးအမျိုးသားများကိုလည်း ဖိတ်ခေါ်သည်။ ထိုအကြောင်းကို Barnes က ဤသို့ရေးထားသည်- ချီးမွမ်းကိုးကွယ်ခြင်းသည် မောင်ပိုင်စီးစရာမဟုတ်။  တဦးတည်းပိုင်...