ဆာလံကျမ်း ၁၁၃
ကြီးမြတ်ပေ၊ ကရုဏာတော်ကြီးမြတ်ပါပေ ၁၁၃:၁–၆ ပထမအပိုဒ်ငယ် ၅ခုသည် ကြီးမြတ်သူ၏ ဂုဏ်ပကာသနကိုအမွှမ်းတင်၍နောက်ဆုံးအပိုဒ်ငယ် ၄ခု သည်ရင်းနှီးနီးစပ်သည့်အကြောင်းသီကုံးထားသည်။ ထာ၀ရဘုရားသည်ကြီးမြတ်တော်မူ၍ ချီးမွမ်းကိုးကွယ်ထိုက်သောအရှင်ဖြစ်သည်- မည်သူက ။ကိုယ်တော်အစေခံကျွန်များအားလုံး (ငယ်၁)။ မည်သို့ ။နာမတော်ချီးမွမ်းကြမည်။ ကျေးဇူးစကားဆိုကြမည်။ (ငယ် ၂က) မည်မျှကြာ ။စဉ်ဆက်မပြတ်။ယခုမှစ၍ထာ၀ရကာလပတ်လုံး (ငယ် ၂ခ)။ နေရာ ။နေရာတိုင်း၊နေ၀င်ရာမှနေထွက်ရာ၊ နေထွက်ရာမှနေ၀င်ရာအရပ်တိုင်အောင် (၃က)။ ဘာကြောင့် ။ကိုယ်တော်သည် ကြီးမြတ်သည်။...