Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဆာလံကျမ်း ၁၁၆

    ကိုယ်တော်ကိုချစ်သည် ရှင်ပြန်ထမြောက်ရာနေ့၊ ပထမဆုံးသောနံနက်ခင်းတွင် သီဆိုကြသော ဆာလံတေးဖြစ်သည်။ ဥယျာဉ် ထဲက သင်္ချိုင်းဂူက ဟောင်းလောင်းကြီး။ ခရစ်တော်ကရှင်ပြန်ထမြောက်ပြီး ခမည်းတော်ဘုရားထံသို့နေသည်။ ဘုရားရှင်က ဆုတောင်းသံကို အဖြေပေးထမြောက်စေသောကြောင့် ချီးမွမ်းတေးဆိုသည်။ ကျေးဇူးစကား ဆိုသည်။ ၁၁၆:၁–၄။ စကားလုံးကိုသတိပြုပါ။ “ကိုယ်တော်ရှင်ကိုချစ်သည်“။ စကားလုံးနည်းပါးသော်လည်း အဓိပ္ပါယ်ပြည့်စုံသည်။ ကျစ်လစ်သည်။ ၀တ်ပြုခြင်းစင်စစ်ဖြစ်သည်။ အဓိပ္ပါယ်ကောက်ချက်မှား၍ ဝိညာဉ်က စကားပြောနိုင်သလားဟု အတွေးမချော်စေချင်။ နှလုံးသားအစစ်မှန်ဖြင့် ဘုရားသခင်ကို...

  • ဆာလံကျမ်း ၁၁၇

    တပါးအမျိုးသားများက ဘုရားရှင်ချီးမွမ်းခြင်း သမ္မာကျမ်းစာတအုပ်လုံးတွင် အတိုဆုံးသောအခန်းဖြစ်သည်။ ဘုရားသခင်၏ကရုဏာတော်နှင့် သစ္စာတော်ချီးမွမ်းကြရန် လူမျိုးအပေါင်းတို့အား ဖိတ်ခေါ်ထားသည်။ ဤကျမ်းချက်ကို ရော ၁၅:၁၁တွင် ပြန်လည်ကိုးကားဖော်ပြထားသည်။ မေရှိယသခင်၏ ကရုဏာတော်ကို ဣသရေလလူများက တပါးအမျိုး သားများထံ မျှဝေဖဲ့ပေးသည်ဟု ဆိုသည်။ ကိုယ်တော်သည် ရှေးယခင်က ဘိုးဘေးတို့ထံသို့ ကတိတော် ပြုခဲ့သော လူမျိုးထံသို့သာ ကြွလာသည်မဟုတ်။ တပါးအမျိုးသားများကိုလည်း ကရုဏာတော်သက်မိသည်။ ကျမ်းချက်ကို အထောက်အကူပြုသည့်ကဗျာတိုတပုဒ်ဝေငှချင်သည်။...

  • ဆာလံကျမ်း ၁၁၈

    ဆာ ၁၁၈၊ ဘုရင်ကြီးကို ကြည့်လော့ ကယ်တင်ရှင်ယေရှုသခင်၊ ဒုတိယအကြိမ် ပြန်လည်ကြွလာသည့် ပွဲလမ်းသဘင် ဆင်ယင်ကျင်းပ သည်။ မေရှိယသခင် ကြွလာရာလမ်းတလျှောက် ယေရုရှလင်မြို့တော်လမ်းမမှာ သောင်းသောင်း ဖျဖျ ကြိတ်ကြိတ်တိုးနေကြသည်။ ဗိမာန်တော်အရိပ်အောက်မှ တေးသီချင်းခေါင်းဆောင်သူက အသံချဲ့စက်ဖြင့် တိုင်ပေးသည်။ သူ့နောက်မှ ဝိုင်းတော်သားများက အတိုင်အဖောက်ညီညီ ဆိုကြသည်။ ပရိသတ်ကြီးက အံ့ဘနန်း နားထောင်ကြသည်။ ၁၁၈:၁။ ပင်တိုင်။ ထာဝရဘုရားသည်ကောင်းမြတ်တော်မူပေ။...