ဆာလံကျမ်း ၁၂၅
ဆာ ၁၂၅၊ ငြိမ်သက်ချမ်းမြေ့ခြင်းလမ်းမ ၁၂၅:၁ ယေရုရှလင် မြို့တော်ကို ဇိအုန်တောင်စွန်း တနေရာတွင် တည်ထားသည်။ ထို့ကြောင့် တခါတရံ ဣသရေလမြို့တော်ကို ဇိအုန်တောင်ဟု ကိုယ်စားပြုခေါ်ဝေါ်ကြသည်။ တောင်တန်းဖြစ်သည်နှင့် တည်ငြိမ်ခြင်း၊ ခွန်အားပြည့်ဝခြင်း၊ခန့်ညားခြင်း အဓိပ္ပါယ်ဆောင်သည်။ ယုံကြည်ခြင်းသည်လည်း ထိုသို့ဖြစ်သင့်သည်။ လူ့ဘဝကို ကျောက်ဆောင်ပေါ်တွင် တည်ရသည်။ မိုးကြီးရွာသွန်းသည်ဖြစ်စေ၊ ရေလွှမ်းမိုးသည်ဖြစ်စေ၊ မုန်တိုင်းထန်သည်ဖြစ်စေ၊ ပြိုလဲခြင်းမရှိ၊ အဘယ့်ကြောင့်ဆိုသော် ကျောက်ဆောင်ပေါ်တွင် ပန္နက်တည်သောကြောင့်မလှုပ်။...