ဆာလံကျမ်း ၁၂၈
၁၂၈:၁ ပျော်ရွင်ခြင်းအစ၍ အစစ်အမှန်ပိုင်ဆိုင်သောယုံကြည်သူသည် ရှုထောင့်အဘက်ဘက်၌ ဘုရားရှင်ကိုသိကျွမ်းသည်။ စကားတော်ကိုနာခံ၍ လက်တွေ့ဘဝတွင် ကျင့်သုံးသည်။ ထိုကဲ့သို့သောသူသည် မောရှေကျမ်းကာလတွင် လောကဥစ္စာရတနာလက်ဆောင်ကြွယ်၀သည်။ ၁၂၈:၂ သက်ဇိုးရှည်ခြင်း။ လူ့သက်တမ်းစေ့နေသည်။ သူလုပ်ကိုင်ရှာဖွေသမျှကို ကိုယ်တိုင်ပြန်လည်ခံ စားသည်။ ပျော်ရွှင်ခြင်း ဘုရားသခင်၏မျက်နှာသာပေးခြင်း ခံရသောကြောင့် ဆင်းရဲဒုက္ခလူမှုပြဿနာများမှ လွတ်ကင်းသည်။ စိတ်ချမ်းသာစွာ လှုပ်ရှားသွားလာလုပ်ကိုင်သည်။ စည်းစိမ်ဥစ္စာ။ သမ္မာအာဇီဝလုပ်ဆောင်သဖြင့် တည်မြဲသည်။ မမျှော်လင့်သော သဘာဝဘေးဒဏ် ရန်သူမျိုးငါးပါးဒဏ်တို့မှ...