Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဆာလံကျမ်း ၁၃၁

    ဆာ ၁၃၁ အသိရှိရှိနှိမ့်ချရိုကျိုးခြင်း လူ့ဘဝတွင် မရှင်းပြနိုင်သော ဘ၀ပြဿနာပေါင်းစုံရှိသည်။ မတိုင်းဆနိုင်သော လျှို့ဝှက်ချက်များရှိ သည်။ အဖြေမညှိုနိုင်သောပုစ္ဆာများစွာရှိပါသည်။ ဥပမာအားဖြင့် လူဆင်းရဲချို့တဲ့မှုပြဿနာကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်ပါသနည်း။ အဖြေမရသောဆုတောင်းချက်များကို မည်သူက အဖြေမှန်တိကျစွာပေးနိုင်သနည်း။ ဘုရားသခင်၏ရွေးချယ်ခန့်အပ်ခြင်းနှင့်လူတို့၏ ရွေးချယ်တင်မြှောက်ခြင်းကို မည်သို့ဆက်စပ် ပေးနိုင်ကြသနည်း။ ၁၃၁:၁။ ဒါဝိဒ်သည် မေးသမျှလူ့ဘဝပုစ္ဆာများကို တတ်ယောင်ကား အဖြေစကားမပေးပါ။ ဘဝင် မမြင့်ပါ။ မသိနားမလည်သည်များကို တက်သလိုမှတ်သလို ဆရာမလုပ်။...

  • ဆာလံကျမ်း ၁၃၂

    ဆာ ၁၃၂ဆုတောင်းခြင်းနှင့်ကတိတော် ဤဆာလံကျမ်းရေးသားသူနှင့် အကြောင်းအရာသည် ကျိုးကြောင်းဆက်စပ်မှုမရှိဟု ထင်မြင်ရသည်။ ဖြစ်နိုင်ခြေရှိသည်မှာ ဆောလမုန်ဘုရင်က ပဋိညာဉ်သေတ္တာတော်အား အသစ်စက်စက် ယေရုရှလင်ဗိမာန် တော်သို့ ပင့်ဆောင်လာပြီးချိန်ဖြစ်သည်။ ပထမအပိုဒ်ငယ် (၁၀)ခုသည် ရှောလမုန်၏ဆုတောင်းသံကို ဘုရားသခင်က နားညောင်းတော်မူ၍ ပဋိညာဉ်သေတ္တာအထက်တွင် အိမ်တော်ဖြင့် ဘုရားရှင်စိုးစံဟန် ပြသခြင်းဖြစ်သည်။ အပိုဒ်ငယ်၁၁နှင့်၁၂သည် ဒါဝိဒ်သို့ပြုထားသော ကတိတော်အား ထပ်မံအတည်ပြုခြင်း ဖြစ်သည်။ နောက်ဆုံးကျမ်းပိုဒ်(၆)ခုသည် ရှောလမုန်၏ဆုတောင်းချက်အသေးစိပ်အား ကတိပေးခြင်း...

  • ဆာလံကျမ်း ၁၃၃

    ဆာ ၁၃၃၊သွေးစည်းညီညာ ချီးမွမ်းပါစို့ အသေးအဖွဲ့ ပေါင်းစုံစုစည်းလျှင် ဧရာမကြီးဖြစ်လာသည်။ ဆာ ၁၃၃သည် တိုတောင်းသော်လည်း ဝိညာဉ်ရေးရာ ရတနာဖြစ်သည်။ အနည်းနှင့်အများဟူသော ပဏာမကိုပယ်ပစ်သည်။ အဓိကအချက် (၄)ချက်ပါရှိသည်။ ညီအစ်ကိုများသွေးစည်းခိုင်မာလျှင် ပျော်ရွှင်ခြင်းမင်္ဂလာရှိသည်။ ဒုတိယအချက်တွင် သတင်းသင်းပျံ့သည်။ တတိယအချက်မှာ ရွှင်လန်းသည်။ နောက်ဆုံးအချက်မှာ ဘုရားပေးကောင်းချီးမင်္ဂလာ အာမခံချက်ရရှိသည်။ ၁၃၃:၁။ ညီအစ်ကိုမောင်နှမများသည် စည်းလုံးညီညာရသည်။ သွေးစည်းခိုင်မာဖို့ရန် နေရာတိုင်း၌ မျက်နှာချင်းဆိုင်နိုင်ကြပါ။...