ဆာလံကျမ်း ၁၄၆
ဆာ ၁၄၆၊ ယာကုပ်ဘုရား၏ ဘုန်းကျက်သရေ ၁၄၆:၁ အပိုဒ်ငယ်(၁)တွင် မရှိမဖြစ်အရေးကြီးသော စကားလုံးနှစ်လုံးပါရှိသည်။ ဘုရားသခင်ကို ချီးမွမ်းလော့ဟု ဆိုသည်။ ဘုရားသခင်နှင့် ချီးမွမ်းသည် အဓိကစကားလုံးများဖြစ်သည်။ ၁၃၆:၂ အပိုဒ်ငယ် (၂)တွင် ကျေညာချက် (၂)ရပ်ထုတ်ပြန်သည်။ “အသက်ရှင်စဉ်အခါ ထာ၀ရဘုရားကို ချီးမွမ်းမည်။ ငါဖြစ်စဉ်ကာလပတ်လုံး ထောမနာသီချင်းဆိုမည်“ ကျက်သရေမင်္ဂလာရှိသော စကားဖြစ်သည်။ လူနှင့်ဘုရားရှင်အကြား ပြောအပ်သောစကားပေတည်း။ ၁၄၆:၃–၄ ဆာလံဆရာနှင့်ဘုရားသခင်နှင့်...