Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • သုတ္တံကျမ်း ၄

    (စ) ဉာဏ်ပညာ၏ မိသားစုအမွေအနှစ် (၄:၁–၉)           ၄:၁  ပထမအပိုဒ်ငယ် (၉)ခုတွင် ဖခင်က သားသမီးများသို့ ပေးထားသော အမွေအနှစ်ရတနာများကို ရှင်းပြသည်။ အမွေအနှစ်သည် မိမိ ကြိုးစားအားထုတ်မှုမပါဘဲ ဖခင်၏ ချွေးနှီးစာများ ဖြစ်သည်။ သားသမီးများသည် မိဘစကားကို နာခံရမည့်အကြောင်း သုတ္တံစကား ပြောထားသည်။ ဖခင်၏ နည်းဥပဒေသများကို နားထောင်ရမည်။ ၄:၂ သက်ကြီးစကားက သက်ငယ်များ...

  • သုတ္တံကျမ်း ၅

    (ဇ) အကျင့်ပျက်မိုက်မဲခြင်း (အခန်း ၅)           ၅:၁–၂ ရှောလမုန်က ငယ်ရွယ်နုပျိုသော သူ့သားအား အပြစ်ဒုစရိုက်များက ဝိုင်းရံထားသဖြင့် စိတ်ပူသည်။ သူများပေးသောအကြံဉာဏ်ဩဝါဒ နာခံခြင်းသည် ကြီးမားသော အကျိုးဖြစ်သည်။ ပညာရှိစကားများသည် စင်ကြယ်၍ မှန်ကန်သည်။ ဘေးအန္တာရယ်မှ ကွယ်ကာပေးသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က လူ့ဘဝဘေးအန္တရာယ်ကြမ္မာဆိုးမှ ကွယ်ကာစောင့်ထိန်းပေးပါသည်။ ထို့ကြောင့် ပေါလုက တိမောသေကား ပရောဖက်အတုများ၏ စကားနားမယောင်၊...

  • သုတ္တံကျမ်း ၆

    (ဈ) မိုက်မဲစွာအာမခံခြင်း၊ ပျင်းရိခြင်း၊ လှည့်စားခြင်း (၆:၁–၁၉)           ၆:၁ အပိုဒ်ငယ် (၅)ခုသည် သူတပါးအတွက် ကြားဝင်အာမခံပေးခြင်း အကြောင်း သတိပေးခြင်းဖြစ်သည်။ သူတပါး၏ ကြွေးမြီကို ဝင်ရောက် အာမခံပေးပါသလား။ ထိုစကားကြောင့် ကိုယ့်စကားနှင့်ကိုယ်ကြော့ကွင်းမိနေဦးမည်။ သင့်မိတ်ဆွေ အပေါင်းအသင်းက အရစ်ကျစနစ်ဖြင့် ကားဝယ်သည်ဆိုပါစို့။ သက်ဆိုင်ရာကုမ္ပဏီက ကားဝယ်သူအား အာမခံပေးမည့်သူကို လက်မှတ်ထိုးခိုင်းရာ ခင်မင်ရင်းနှီးမှုကို ထောက်ထား၍ ထိုးပေးလိုက်သည်။...