Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ထွက်မြောက်ရာကျမ်း ၁၂

    ၁၂:၁–၁၀ လွတ်မြောက်ကြမည့်ညတွင် ကြိုတင်လုပ်ဆောင်ရမည့်အချက်များ ဘုရားသခင်က မောရှေနှင့် အာရုန်အား အသေးစိတ်ညွှန်ကြားသည်။ သခင်ခရစ်တော်ကို ပုံဆောင်သော သိုးသူငယ်များ (၁ကော ၅:၇) ပြင်ဆင်ထားခိုင်းသည်။ အပြစ်ပြောစရာ အနာအဆာကင်းမဲ့သော စင်းလုံးချာသိုးသူငယ်၊ အခါလည်မလွန်သေးသော သိုးထိန်းကို အဆင်သင့်လုပ်ခိုင်းထားသည်။ ထိုသိုးသူငယ်၏ ကြန်အင်လက္ခဏာသည် ခရစ်တော်၏ ခြောက်ပြစ်ကင်း သဲလဲစင်ဘဝ၊ လူ့ဇာတိဆန္ဒနှင့် လွတ်ကင်းမှုကို ပုံဆောင်သည်။ လဆယ်လေးရက်နေ့တိုင်အောင် စောင့်ထားပြီးမှ ဆိုသည်မှာ...

  • ထွက်မြောက်ရာကျမ်း ၁၃

    ၁၃:၁–၁၅ အဲဂုတ္တုပြည်တွင် ရှိနေကြစဉ် ဘုရားသခင်က ဣသရေလတို့၏ သားဦးများကို သေခြင်းမှ ကင်းလွတ်ခွင့်ပေးသောကြောင့် သားဦးများနှင့် ပထမဆုံးမွေးသောတိရစ္ဆာန်များကို ဘုရားသခင်က ပိုင်ဆိုင်သည်။ ထို့ကြောင့် လေဝိအမျိုးသားများအား ယဇ်ပုရောဟုတ်အရိုက်အရာ မအပ်နှင်းမချင်း သားဦးများသည်။ ယဇ်ပုရောဟိတ်အမှုတော်ဆောင်ကြရသည်။ ပထမဆုံးမွေးသည့်စင်ကြယ်သော သတ္တဝါများကို အခါမလွန်မီ ယဇ်ကောင်အဖြစ် ပူဇော်ပသကြရသည်။ မစင်ကြယ်သော တိရစ္ဆာန်မြည်းကဲ့သို့သော အကောင်များကိုမူ ယဇ်ပူဇော်ခြင်းမပြုရ။ ထို့ကြောင့် မြည်းဦးကို ယဇ်ပူဇော်စရာရှိလျှင်...

  • ထွက်မြောက်ရာကျမ်း ၁၄

    (ခ) ပင်လယ်နီဖြတ်သန်းကြခြင်း (အခန်း ၁၄)           ၁၄:၁–၉ ဤအခန်း(၁၄)သည် သမ္မာကျမ်းစာအုပ် တစ်ခုလုံးတွင် ရင်ထိတ်သဲဖို ပြဇာတ်ဆန်သော အကောင်းဆုံးဇာတ်ကွက်ဖြစ်သည်။ ဘုရားသခင်က ဣသရေလလူများအား ပင်လယ်နီ အနောက်ဘက်ကမ်းရှိ ပိဟတိရုတ် မြို့နားသို့ ခေါ်ဆောင်သွားသည်။ ထိုနေရာသို့ ခေါ်ဆောင်သွားခြင်းသည် ဣသရေလတို့ လွတ်မြောက်ခြင်းထက် အံ့ဘွယ် နိမိတ်လက္ခဏာ ပိုမိုထင်ရှားပြသဖို့ ဖြစ်သည်။ ဖာရောမင်းက ဣသရေလတို့၏ အကြံအစည်သိသောအခါ...