သုတ္တံကျမ်း ၁၆
(ခ) ဖြောင့်မတ်သောဘဝကောင်းစားခြင်း (၁၆:၁–၂၂:၁၆) ၁၆:၁ ပထမပိုင်း အပိုဒ်ငယ် (၁၁)ခုတွင် ထာဝရဘုရား၊ (ယေယောဝါဘုရား)၏ နာမတော်ကို (၉)ကြိမ် သုံးနှုန်းထားသည်။ အလုပ်တစ်ခုကိုလုပ်ကိုင်ရန် စိတ်ကူးအကြံအစည် ရှိခြင်းသည် လူ့ဝတ္တရား ဖြစ်သည်။ သို့သော် လူ့အကြံအစည်နှင့် စကားများကို အုပ်စိုးသူသည် ဘုရားသခင် ဖြစ်သည်။ လူကကြံစည်တွေးဆ၍ ပြီးမြောက်အောင် ဘုရားသခင်က ပံ့ပိုးပေးသည်။ ဗာလမ်သည် ဣသရေလလူမျိုးကို...